မူဆယ် ၁ဝ၅ မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ


မူဆယ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပြည်ထောင်စုလမ်းမ စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၅ ရက်က သတင်းအရ လားရှိုးဘက်မှ လာသော တရုတ်ကားLIFAN အမျိုးအစား MDY4EC/----- အား ရပ်တန့်စေပြီး ရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အခိုင်အမာ သိုဝှက်ထားသော မြန်မာ့ကျောက်စိမ်းရိုင်းတုံး(အခဲ၊ ခဲခြမ်း၊ ဖြတ်စအရွယ်စုံ)စုစုပေါင်း ၂၁၄၈ ကီလိုဂရမ်အား ဌာနပေါင်းစုံ ရွေ့လျားလှုပ်ရှားအဖွဲ့က သိမ်းဆည်းရရှိသည်။

အဆိုပါသိမ်းဆည်းရရှိသော အကောက်ခွန်မဲ့ကျောက်စိမ်းတုံးများ ကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက မြန်မာ့ကျောက်မျက် ကုန်စည်ဒိုင်(မူဆယ်)သို့ လည်းကောင်း လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိ ရသည်။

အယ်လ်စိုး(Iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ် ၁ဝ၅ မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ မူဆယ် ၁ဝ၅ မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.