ရေဘေးဒဏ်ခံ လယ်ယာမြေ ပြုပြင်ဖို့ ဒေါ်လာ သန်း ၈ဝ လိုအပ်

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေစဉ်။ Photo: Min Thein Aung/RFA
 တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး လိုအပ်မှာ ဖြစ်တဲ့အတွက် အစိုးရကို အကူအညီတောင်းထားတယ် လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ၃နှစ်လောက် အချိန်ယူပြီး ဆောင်ရွက်ရမှာဖြစ်တယ် လို့ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

"အကြမ်းဖျင်းပြောရရင် အမေရိကန်ဒေါ်လာ သန်း ၈ဝ နီးပါးလိုတာပေါ့၊ အချိန်ကပြန်လည်ထူထောင်ဖို့ ဆိုရင် နှစ်နှစ်ကနေ သုံးနှစ်အချိန်ယူပြီး ပြန်လုပ်မှရမယ်၊ နှုန်းမြေတွေ ကျနော်တို့က ပြန်ဖယ်ဖို့လိုတယ်၊ ပြီးတော့ မြေသားတွေ ပြန်လည်ပြုပြင်ဖို့လိုတာပေါ့၊ အဲ့အတွက် စက်ယန္တရားတွေ လိုအပ်ချက်ရှိနေတဲ့ အပိုင်းရှိတာပေါ့၊ စက်ယန္တရားတွေနဲ့ နိုင်ငံတော်တော်အစိုးရပိုင်းကပဲ ဆောင်ရွက်ပေးနိုင်တာပေါ့"

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျိုးစပါးတွေ၊ စက်ယန္တရားတွေ၊ မြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေ ကို တောင်သူတွေဆီ ဖြန့်ဝေပေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရခိုင်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ ရေဘေးကြောင့် လယ်ယာမြေဧက တစ်သန်းကျော် ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပါတယ်။

ရေနစ်မြုပ်မှုကြောင့် တောင်သူလယ်သမားတွေ သိုလှောင်ထားတဲ့ မျိုးစပါးတွေလည်း ပျက်စီးဆုံးရှုံးခဲ့တဲ့ အတွက် ပြန်လည်စိုက်ပျိုးရေးမှာ မျိုးစပါးက အဓိကလိုအပ်ချက်ဖြစ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေဘေးဒဏ်ခံ လယ်ယာမြေ ပြုပြင်ဖို့ ဒေါ်လာ သန်း ၈ဝ လိုအပ်  ရေဘေးဒဏ်ခံ လယ်ယာမြေ ပြုပြင်ဖို့ ဒေါ်လာ သန်း ၈ဝ လိုအပ် Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.