အီရတ်တွင် ဗုံးပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ် လူနှစ်ဦးထက်မနည်းသေဆုံး


ဘဂ္ဂဒက် စက်တင်ဘာ ၁၇

အီရတ်မြို့တော် ဘဂ္ဂဒက်တွင် စက်တင်ဘာ ၁၇ ရက်က အသေခံ ဗုံးပေါက်ကွဲမှုနှင့် လမ်းဘေးဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ရာ ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အနည်းဆုံး နှစ်ဦး သေဆုံး သွားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။
ဘဂ္ဂဒက်မြို့လယ် တိုင်ရမ် ရင်ပြင် လူစည်ကားသောနေရာတွင် အသေခံဗုံးခွဲမှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် ကို ပြောကြားခဲ့သည်။

ထို့အတူ ဘဂ္ဂဒက်မြို့လယ် ဝက်ဘတ်ရင်ပြင်တွင်လည်း လမ်း ဘေးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူဦးရေမှာ မြင့် တက်လာနိုင်ဖွယ်ရှိကြောင်း သိရ သည်။

အီရတ်နိုင်ငံတွင် နှစ်များစွာ အတွင်း အလွန်ဆိုးရွားသော အကြမ်း ဖက်လုပ်ရပ်များကို ပြုလုပ်နေကြသည်။ သောင်းကျန်းသူများနှင့် အကြမ်းဖက် ဖြစ်ရပ်များကြောင့် အရပ်သား ၁၂၂၈၂ဦး သေဆုံးခဲ့ပြီး ၂၃၁၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အီရတ်တွင် ဗုံးပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ် လူနှစ်ဦးထက်မနည်းသေဆုံး  အီရတ်တွင် ဗုံးပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ် လူနှစ်ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.