ကျူရှင်ဆရာက တပည့်ကို အဓမ္မကျင့်


      မိတ္ထီလာမြို့နယ်တွင် ကျူရှင်ဆရာမှ တပည့်ဖြစ်သူအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။ ယခုလ (၁၉) ရက်နေ့ ည (၉း၃၀) အချိန်တွင်. . . . .ကျေးရွာနေ မ. . . . . (၁၃) နှစ်သည် အ.ထ.က ခွဲ ကျောင်းအရှေ့ဘက်တွင် ရှိသော မောင်. . . . (၂၄) နှစ် (ကျူရှင် ဆရာ)နေထိုင်သည့် အခန်းသို့ စာသင်ရန် သွားရောက်စဉ် မောင်. . . . .(၂၄) နှစ်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

      ယခုလ (၂၀) ရက်နေ့တွင် နယ်မြေစခန်း(အမှတ်-၂) (ပ)၂၆၀/၂၀၁၅ ပြစ်မှု ပုဒ်မ-၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

The Messenger Media
http://messengernewsjournal.com
ကျူရှင်ဆရာက တပည့်ကို အဓမ္မကျင့်  ကျူရှင်ဆရာက တပည့်ကို အဓမ္မကျင့် Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.