မီးပျက်နေတာ ယနေ့ ညပြန်ပေးနိုင်မည်ဟုဆို


 လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ မဟာဓါတ်အားလိုင်းမှာ ချို့ယွင်းချက် ဖြစ်ပေါ်နေတာကြောင့် မြန်မာ တစ်ပြည်လုံး လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ရတယ်လို့ သိရပါတယ်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဦးစောဝင်းမောင်က “မဟာဓါတ်အားလိုင်းမှာလိုင်း အပြစ်ဖြစ်တာပါ။ ရန်ကုန်က စက်ရုံတွေကနေ ရသလောက်၏ ပေးထားပါ တယ်။ တစ်ပြည်လုံးဖြစ်သွား တာပါ။ တိုင်တွေမကျိုးရင် ဒီနေ့ညပြန်ပေးနိုင်မှာပါ” လို့ပြောပါတယ်။

ပုဇွန်တောင်မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးကလဲ “System Brakedown ဖြစ်ပြီး တစ်တိုင်းလုံး ပျက်သွားတာပါ၊ System Brakedown ဆိုတာ နယ်အ၀င်က ဓါတ်အားနဲ့ ရန်ကုန်မှာ အသုံးများတဲ့ အခါမှာ မနိုင်တဲ့အတွက် ဖြစ်သွားတာပါ။ အဲဒါကြောင့် ဓါတ်အားကို ပြန်ညှိနေပါတယ်။ အခြေနေက တော့ ပုဇွန်တောင်မှာ ဓါတ်အားပေးတဲ့ ဓါတ်ခွဲရုံနှစ်ခုမှာ လိပ်ကန်ဘက်ကတော့ ပျက်နေတယ်၊ တစ်ဖက်ကတော့လာတယ်။ တစ်လှည့်စီပေးတဲ့ သဘောပေါ့။ မနိုင်တဲ့အတွက် တစ်ဝက်စီလှည့် ပေးနေရတာပါ” လို့ပြောပါတယ်။

author ချိုအိ
Kumudra
https://www.facebook.com/newsKumudra
မီးပျက်နေတာ ယနေ့ ညပြန်ပေးနိုင်မည်ဟုဆို  မီးပျက်နေတာ ယနေ့ ညပြန်ပေးနိုင်မည်ဟုဆို Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.