ချီလီမှာ ငလျင်လှုပ် ဆူနာမီဖြစ်

ချီလီနိုင်ငံမှာ ရေကြီးမှုလည်း ဖြစ်ခဲ့ပါတယ်။ (Credit: Reuters)
 ချီလီနိုင်ငံမှာ ​ပြင်းအား ​၈.၃ ​ရှိတဲ့ ​မြေငလျင်လှုပ်ခတ်ခဲ့သလို ​ဆူနာမီရေလှိုင်းတွေလည်း ​ချီလီနိုင်ငံ ​အလယ်ပိုင်းမှာ ​ရှိတဲ့ ​မြို့ထဲကို ​ဝင်လာနေပြီ ​ဖြစ်ပါတယ်။

အမြင့်အားဖြင့် ​၄.၅ ​မီတာ ​ဒါမှမဟုတ် ​၁၄ ​ပေကျော်အထိ ​ရှိတဲ့ ​ရေလှိုင်းတွေက ​ကမ်းရိုးတမ်းမြို့တွေထဲ ​ဝင်လာတဲ့အတွက် ​ရေကြီးမှုတွေ ​ဖြစ်နေပါတယ်။

ဒေသစံတော်ချိန် ​ည ​၈ ​နာရီမှာ ​ဖြစ်ခဲ့တဲ့ ​ငလျင်ကြောင့် ​လူ ​၅ ​ဦး ​သေဆုံးရပြီလို့ ​ချီလီ ​သမ္မတက ​ပြောပါတယ်။

ကမ်းရိုးတမ်းမှာ ​နေတဲ့လူတွေ ​ရွှေ့ပြောင်းမှု ​လုပ်ဖို့လည်း ​ချီလီအာဏာပိုင်တွေက ​ပြောဆိုထားပါတယ်။

လူပေါင်း ​သန်းနဲ့ချီ ​နေရာရွှေ့ပြောင်းနေကြတယ်လို့လည်း ​သိရပါတယ်။

အင်အားကြီးမားတဲ့ ​ငလျင်က ​ချီလီနိုင်ငံ ​အလယ်ပိုင်းနားက ​ပင်လယ်ပြင်မှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တာ ​ဖြစ်ပြီး ​၂ ​မိနစ်လောက် ​တုန်ခါခဲ့တယ်လို့ ​ချီလီမှာ ​ရောက်ရှိနေတဲ့ ​သြစတြေးလျ ​နိုင်ငံသားက ​ပြောပါတယ်။

ဆူနာမီ ​ရေလှိုင်းတွေကို ​သတိထားဖို့ ​သတိပေးချက်ကိုလည်း ​ချီလီနိုင်ငံ ​တစ်ခုလုံးမှာ ​ဆက်လက် ​ထုတ်ပြန်ထားသလို ​ပီရူးနိုင်ငံက ​ပစိဖိတ် ​ကမ်းရိုးတန်းနဲ့ ​French ​Polynesia ​နိုင်ငံအထိ ​ထုတ်ပြန်ထားပါတယ်။

အဲဒီ ​ဆူနာမီ ​ရေလှိုင်းတွေဟာ ​ပစိဖိတ် ​ကျွန်းငယ်တွေသာမက ​သြစတြေးလျ၊ ​ထိုင်ဝမ်နဲ့ ​မလေးရှား ​အထိထောင် ​ရောက်လာနိုင်ပေမယ့် ​အသေးစား ​ရေလှိုင်းတွေ ​ဖြစ်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အရင်နှစ် ​ဧပြီလတုန်းကလည်း ​ပြင်းအား ​၈.၂ ​ရှိတဲ့ ​ငလျင်တစ်ခု ​ချီလီနိုင်ငံမှာ ​လှုပ်ခတ်ခဲ့တဲ့အတွက် ​လူ ​၆ ​ယောက်သေဆုံးပြီး ​တစ်သန်းလောက် ​နေအိမ်ကနေ ​ပြောင်းရွှေ့ခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ချီလီမှာ ငလျင်လှုပ် ဆူနာမီဖြစ်  ချီလီမှာ ငလျင်လှုပ် ဆူနာမီဖြစ် Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.