ခိုလှုံသူတွေကို မျှဝေခေါ်ယူဖို့ အီးယူ ဆုံးဖြတ်

အီတလီပြည်ထဲရေးရာ ဝန်ကြီး Angelino Alfano (ဝဲ) က စပိန်ပြည်ထဲရေး ဝန်ကြီး Jorge Fernandez Diazနဲ့ တွေ့ဆုံစဉ် (Credit: Reuters)
ဥရောပတိုက်ထဲ ​ဝင်ရောက်လာနေတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​သောင်းနဲ့ချီကို ​မျှဝေယူကြဖို့ ​အီးယူအဖွဲ့ဝင် ​နိုင်ငံတွေက ​သဘောတူခဲ့ကြပါတယ်။

ဟန်ဂေရီ၊ ​ချက်၊ ​ရိုမေးနီးယား၊ ​ဆလိုဗက်ကီးယားနိုင်ငံက ​ခိုလှုံခွင့်တောင်းလိုသူတွေကို ​လက်မခံလိုပေမယ့် ​မဲခွဲဆုံးဖြတ်ရာမှာ ​အများသဘောနဲ့ ​အတင်းအဓမ္မ ​လက်ခံခိုင်းတာ ​ဖြစ်ပါတယ်။

လူပေါင်း ​တစ်သိန်းနှစ်သောင်းလောက်ကို ​အီးယူ ​အဖွဲ့ဝင် ​၂၈ ​နိုင်ငံအကြား ​မျှဝေ ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။

ဂရိနဲ့ ​အီတလီနိုင်ငံကို ​ရောက်လာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​၆၆၀၀၀ ​အပြင် ​ဟန်ဂေရီနဲ့ ​အနီးတဝိုက်ကို ​ရောက်လာသူ ​၅၄၀၀၀ ​ကို ​အီးယူနိုင်ငံတွေက ​မျှဝေခေါ်ယူမှာ ​ဖြစ်ပါတယ်။

ဘယ်နိုင်ငံက ​ဘယ်နှစ်ယောက် ​ခေါ်ယူရမယ် ​ဆိုတာကိုတော့ ​ဆွေးနွေးနေကြဆဲ ​ဖြစ်ပါတယ်။

ဒုက္ခသည်တွေကြောင့် ​နိုင်ငံတော်အတွက် ​ဝန်ထုတ်ဝန်ပိုးဖြစ်မယ် ​ဆိုတဲ့ ​ပြောဆိုမှုတွေကို ​နိုင်ငံတကာ ​ရွှေ့ပြောင်းသွားလာရေး ​အဖွဲ့က ​ငြင်းဆိုနေပြီး ​ဒုက္ခသည်တွေဟာ ​အလုပ်ပိုကြိုးစားကြသလို ​ပေးရမယ့် ​အခွန်တွေကို ​ပုံမှန်ဆောင်တဲ့လူဖြစ်ပြီး ​မိသားစု ​ချစ်ခင်မြတ်နိုးမှုကို ​ဦးစားပေးတဲ့အတွက် ​လူမှုအသိုင်းအဝိုင်းကို ​အကျိုးပြုသူတွေ ​များတယ်လို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ခိုလှုံသူတွေကို မျှဝေခေါ်ယူဖို့ အီးယူ ဆုံးဖြတ်  ခိုလှုံသူတွေကို မျှဝေခေါ်ယူဖို့ အီးယူ ဆုံးဖြတ် Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.