မန္တလေးမြို.က ယာဉ်ထိန်းရဲ ဓားထိုးခံရသဖြင့် သေဆုံး

ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင် အမှတ်(၈၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်/လမ်း စည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မတ္တရာမြိုန့ယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော KENBO-125 CZI ဖြူ/နက်ကြားရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်လိုင်စင်မပါသဖြင့် ပူးပေါင်းအဖွဲ့မှ ရဲတပ်သား ကျော်ဇင်ဦး က ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ဖမ်းဆီးပြေစာယူရန် ပြောဆိုနေစဉ် လှမျိုးထွန်းမှ ဖမ်းဆီးပြေစာမယူဘဲ ဆိုင်ကယ်အား မောင်းနှင်ထွက်ခွာသွားခဲ့သည်။

 ထို့နောက် နံနက် ၁၀ နာရီအချိန်ခန့်တွင် လှမျိုးထွန်းနှင့် ၎င်း၏အစ်ကိုဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(က)နေ လှစိုးထွန်း(၃၀)နှစ်တို့ ပြန်လည်ရောက်ရှိလာရာ ရဲတပ်သား ကျော်ဇင်ဦးမှ ဖမ်းဆီးပြေစာယူရန်ပြောဆိုနေစဉ် လှစိုးထွန်းမှ လက်သီးနှင့်ထိုး၍ ရဲတပ်သား ကျော်ဇင်ဦးမှ ရှောင်လိုက်စဉ် ချော်လဲကျသွားခိုက် ခါးကြားတွင် ဝှက်ယူလာသည့် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဖြင့်ထပ်ထိုးသဖြင့် အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခဲ့ရာ လှစိုးထွန်း၌ ဦးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

 လှစိုးထွန်း၏ ဓားဖြင့်ထိုးမှုကြောင့် ရဲတပ်သား ကျော်ဇင်ဦးတွင် ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် ယင်းနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် သေဆုံးသွားခဲ့သဖြင့် လှမျိုးထွန်းနှင့် လှစိုးထွန်းတို့ ၂ ဦးအား အမှတ်(၁)နယ်မြေ ရဲစခန်း(ပ)၂၇၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မန္တလေးမြို.က ယာဉ်ထိန်းရဲ ဓားထိုးခံရသဖြင့် သေဆုံး   မန္တလေးမြို.က ယာဉ်ထိန်းရဲ ဓားထိုးခံရသဖြင့် သေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.