အစိုးရစစ်ကြောင်း ရွာထဲ လက်နက်ကြီးငယ် ပစ်ခတ်ကာ တန်ဖိုးသိန်းချီ ပစ္စည်းယူဆောင်သွား


စက်တင်ဘာလ ၂၄ ရက် ၂၀၁၅

အစိုးရစစ်ကြောင်းက ရွာထဲသို့ လက်နက်ကြီးငယ် ပစ်ခတ်ကာ သိန်းချီတန်ဖိုးရှိသည့် ရွာသားများ၏ လက်ဝတ်ရတနာများ ၊ စားသောက်ကုန်များကို ယူဆောင်သွားကြောင်း ဒေသတွင်းသတင်းအရ သိရှိ ရသည် ။

“ ရွာထဲပစ်ထည့်လာတော့ စိုင်းယီအိမ်ကို ဗုံးထိတယ် ။ အိမ်ရှင်တွေ အိမ်မှာမရှိလို့ တော်သေးတယ် ။ အခု အိမ်ရှင်တော့ ရွာထဲမှာမနေရဲလို့ မူစယ်က သူတို့အမျိုးအိမ်မှာ သွားနေကြတယ်လေ ။ အိမ် ၁၀ လုံး ကျော် သေနတ်ထိတယ်။ ယာကနေ ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ နန်းသီသီခိုင် ညာပေါင်မှာ ကျည်ဆံ ယှက်ထိသွားတယ် ” ဟု ကောင်းဝဲင့်ရွာသို့ သွားရောက်ခဲ့သူ မူစယ်လူငယ်တဦးက ပြောသည် ။

စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်းဘက်သို့ လာရောက်လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းတခုက မော်တောင်း ကျေးရွာအုပ်စု ကောင်းဝဲင့် (္ဒွင်းဝ္လ္မှ်) ရွာဘေးရှိ တောထဲသို့ လက်နက်များဖြင့် ပစ်ခတ်ကြောင်း ၊ ထို့နောက် ရွာထဲပါ ပစ်ထည့်လာကြောင်း ဆို၏ ။

“ တောထဲမှာ တအာင်းစစ်သားတွေရှိတယ်ဆိုပြီး သေနတ်တွေနဲ့ ပစ်ထည့် တာ ။ ပစ်ရင်းပစ်ရင်းနဲ့ ရွာထဲ ကိုပါ ပစ်ထည့်လာတယ် ။ တကယ်တော့ တအာင်းစစ်သားတွေလည်း မရှိပါဘူး ။ သူတို့ဘဲ ပစ်နေတာပါ ။ နောက်တော့ရွာထဲ ဝင်လာတယ် ။ ရွာသားတွေရဲ့ အိမ်တံခါးကိုဖျက်ပြီး တွေ့ရာပိုက်ဆံတွေ ၊ စားသောက် ကုန်တွေ ယူသွားတယ်လို့ ရွာသားတွေ ပြောပြတယ် ” ဟု ၎င်းက ဆို၏ ။

စိုင်းအိုက်စိုးပေါင်း (အိမ်ရှင်) ၏ဖခင်ဖြစ်သူ အသက် ၆၀ ခန့်ရှိ အဖိုးကို သေနက်ဖြင့်ရိုက်ကာ တရုတ်ယွမ် ငွေ ၅၀၅၀၀နှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့်ကိုလည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် စိုင်းအိုက်ဝါ အိမ်တံခါးကိုဖျက်ကာ ၆ သိန်းတန်လက်ကောက်နှင့် တန်ဖိုး ၄ သိန်းခန့်ရှိ မုန့် ၊ ခေါက်ဆွဲထုပ် ၊ သားငါးဆီ သွတ်ဗူး ၊ မြန်မာဘီယာ − စသည့် စားသောက်ကုန်များကို လည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် နောက် ဒေသခံတဦးအိမ်ကိုလည်း ဝင်ရောက်ကာ တန်ဖိုး ၄ သိန်းခန့်ရှိ စားသောက်ကုန်များကို လည်းကောင်း ယူဆောင်သွားကြောင်း ဒေသခံများက ဆို၏ ။

“ ရွာမှာလူသိပ်မရှိဘူး ။ ဈေးဆိုင်ဖွင့်ထားတဲ့ အိမ်တွေလည်း တံခါးခတ်ပြီး အပြင်သွားကြတယ်လေ ။ ဒီလုပ်ရပ်ဟာ ဓားမြတိုက်တာဘဲ ” ဟု ဒေသခံတဦးကလည်း ပြောသည် ။

ကောင်းဝဲင့်ရွာသည် မူစယ် ၁၀၅ မိုင်နှင့် ၇ မိုင်ခန့်အကွာ မူစယ်−လားရှိုးသွားလမ်းပေါ်၌ တည်ရှိသည် ။

အဆိုပါနေ့ နေ့လည် ၁၂ နာရီခန့်၌လည်း ၁၀၅ မိုင်မှ ပန်ဆိုင်းသို့သွားလမ်းပေါ်ရှိ တွန့်ခန် ရွာ၌ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းတခုနှင့် တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆို၏။

တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းနှင့် တအာင်းတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော် လည်း မရရှိခဲ့ပေ။

မွေခေါဝ်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
အစိုးရစစ်ကြောင်း ရွာထဲ လက်နက်ကြီးငယ် ပစ်ခတ်ကာ တန်ဖိုးသိန်းချီ ပစ္စည်းယူဆောင်သွား   အစိုးရစစ်ကြောင်း ရွာထဲ လက်နက်ကြီးငယ် ပစ်ခတ်ကာ တန်ဖိုးသိန်းချီ ပစ္စည်းယူဆောင်သွား Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.