မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ င၀န်ချေင်းကူးတံတားပေါ် ယာဉ်ဖြတ်သန်းစဉ် ကျိုးကျမှုဖြစ်ပွား


 တနင်္သာရီ စက်တင်ဘာ ၁၂

 တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်း ကျေးရွာအုပ်စု ချောင်းလမုရွာ ဘေလီ တံတားပေါ်သို့ လမ်းအထူးအဖွဲ့(၂၄)မှဘုတ်ပြင်းမြို့နယ်အတွင်းလမ်းခင်းရန် ကတ္တရာပီပါပုံး အလုံး ၁၁ဝ တင်ဆောင်လာသည့် ယာဉ်မောင်း ဦးထွန်းထွန်း (၄ဝ နှစ်) မောင်းနှင်ပြီး လုပ်သားလေးဦး စီးနင်းလိုက်ပါလာ သော ယာဉ်အမှတ် ၅ခ/----သည် စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီက ဖြတ်သန်းစဉ် ဘုတ်ပြင်း မြို့နယ်ဘက်ခြမ်း တံတားထိပ် အရောက်တွင် ဘေလီတံတား ကျိုးကျမှုဖြစ်ပွား၍ မော်တော်ယာဉ် မှာ ချောင်းအတွင်း ထိုးကျလျက် ပက်လက်လန်တိမ်း မှောက်ခဲ့ကြောင်း၊ သို့သော်လည်း ယာဉ်မောင်းနှင့် လုပ်သားများမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ယင်းချောင်းလမုရွာ ဘေလီ တံတားသည် မြိတ်မြို့-တနင်္သာရီမြို့- ဘုတ်ပြင်းမြို့-ကော့သောင်းမြို့တို့၏ အဓိက ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၂/၂ နှင့် ၇၂/၃ အကြားရှိ ငဝန်ချောင်းကူး အလျား ပေ ၁၄ဝ၊ အကျယ် ၁၃ ပေ တစ်လွှာ တစ်ထပ် ဘေလီတံတားဖြစ်ပြီး (၁၆/ ၁၈)တန်သာ ခံနိုင်ဝန်ရှိကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်အား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်နှင့် အဖွဲ့ ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေး ၍ မော်တော်ယာဉ်များသွားလာမှု ပြတ်တောက်နိုင်သော်လည်း ခရီး သွားပြည်သူများသွားလာမှု၊ မော် တော်ဆိုင်ကယ်များနှင့် ကုန်စည်ကူး သန်းမှုများပြတ်တောက်မှု မရှိစေ ရေးအတွက် ယာယီစီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်စေရန် လမ်း အထူးအဖွဲ့(၂၄) အငယ်တန်းအင်ဂျင် နီယာ-၂ ဦးအာကာကျော် ဦးစီး သည့်အဖွဲ့က ချောင်းကူးလမ်းလွှဲပြု လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ င၀န်ချေင်းကူးတံတားပေါ် ယာဉ်ဖြတ်သန်းစဉ် ကျိုးကျမှုဖြစ်ပွား  မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ င၀န်ချေင်းကူးတံတားပေါ် ယာဉ်ဖြတ်သန်းစဉ် ကျိုးကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.