ရေတင်ရန် လျှပ်စစ်ရေမော်တာအား မီးပလပ်ပေါက်ထိုးရာက ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၁၄

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ စကုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် လူတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ စကုနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါ ရပ်ကွက်နေ ဦးညိုဌေး(၅၄)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်ရှေ့ရှိ အုတ်ရေကန်သို့ ရေတင်ရန်အတွက် လျှပ်စစ်ရေမော်တာအား မီးပလပ်ပေါက်ထိုးရာက ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် စကုနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရေတင်ရန် လျှပ်စစ်ရေမော်တာအား မီးပလပ်ပေါက်ထိုးရာက ဓာတ်လိုက်သေဆုံး  ရေတင်ရန် လျှပ်စစ်ရေမော်တာအား မီးပလပ်ပေါက်ထိုးရာက ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.