တောင်ငူမြို့၌ အမေ့အိမ် ဟိုတယ် ၀ိုင်ယာရှော့ ဖြစ်ပြီး မီးလောင်


 တောင်ငူ စက်တင်ဘာ ၂၀

 တောင်ငူမြို့ ရန်ကုန်- မန္တလေး ပုံမှန်လမ်း မင်းကြီးညို (၂၂) ရပ်ကွက် အမေ့အိမ် ဟိုတယ်တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမေ့အိမ် ဟိုတယ် အတွင်းရှိ နှစ်ထပ်ဆောင် အပေါ်ထပ်တွင် ၀ိုင်ယာရှော့ ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီးသတ်ယာဉ်များ၊ မဟာမေတ္တာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဟိုတယ် အပေါ်ထပ် အခန်းတစ်ခန်း မီးလောင် ဆုံးရှုံးခဲ့ကာ လူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း ကနဦး သတင်းအရ သိရသည်။

သတင်းနှင့်ဓာတ်ပုံ- သူရ(တောင်ငူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့၌ အမေ့အိမ် ဟိုတယ် ၀ိုင်ယာရှော့ ဖြစ်ပြီး မီးလောင်   တောင်ငူမြို့၌ အမေ့အိမ် ဟိုတယ် ၀ိုင်ယာရှော့ ဖြစ်ပြီး မီးလောင် Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.