အမြန်လမ်းတွင် မိသားစုဘုရားဖူးယာဉ်ငယ်တိမ်းမှောက် လူငါးဦးဒဏ်ရာရရှိ


 မိတ္ထီလာ စက်တင်ဘာ ၂၉

 မိတ္ထီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃ဝ၈/၄) အနီးတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးမှကျောက်ပန်း တောင်းမြို့နယ် ပုပ္ပားဒေသသို့ဘုရား ဖူးထွက်ခွာလာသည့် မိသားစုဘုရားဖူး ယာဉ်ငယ်တိမ်းမှောက်၍ လူငါးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

မန္တလေးမှရန်ကုန်သို့ အမြန် လမ်းပေါ်တွင် ဦးဇော်မင်း (၄၃)နှစ် အမရပူရမြို့နယ်နေသူ မောင်းနှင် လာသည့် YGN 5I--- မိသားစု ဘုရားဖူးယာဉ်ငယ်သည် မိုင်တိုင် အမှတ် (၃ဝ၈/၄) အနီးအရောက် တွင် ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုးဦးအနက် ယာဉ်မောင်းဦးဇော်မင်း နှင့် အမျိုးသမီးသုံးဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦး(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ရာ သက်ဆိုင်ရာ အမြန်လမ်းရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အမြန်လမ်းတွင် မိသားစုဘုရားဖူးယာဉ်ငယ်တိမ်းမှောက် လူငါးဦးဒဏ်ရာရရှိ  အမြန်လမ်းတွင် မိသားစုဘုရားဖူးယာဉ်ငယ်တိမ်းမှောက် လူငါးဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 08:19 Rating: 5
Powered by Blogger.