ကျွန်းစုမြို့နယ် မရမ်းချောင်း - တောင်တွင်းကြီး ကျေးရွာချင်းဆက်တံတား ရေတိုက်စား၍ ပြိုကျ


ကျွန်းစု စက်တင်ဘာ ၁၈

ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု မရမ်းချောင်း-တောင်တွင်းကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တောင်တွင်းကြီး ရွာအဝင် သစ်သားတံတားသည် စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် တံတားကမ်းကပ်ခုံ ပျက်စီးပြီး တံတားမှာ ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ တံတားသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ၂ဝ၁၄-၁၅ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ဖြင့် တည်ဆောက်ခဲ့သော ကျေးရွာချင်း ဆက်သစ်သားတံတားဖြစ်ပြီး ကျေးရွာပြည်သူများ နေ့စဉ် အသုံးပြုလျက်ရှိရာ တံတားပြိုကျပျက်စီးသွားသဖြင့် ကျေးရွာ ပြည်သူများမှ မရမ်းချောင်း-ကပ-တောင်တွင်းကြီးလမ်းမှ သွားလာလျက်ရှိသည်။

ကျွန်းစု (ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျွန်းစုမြို့နယ် မရမ်းချောင်း - တောင်တွင်းကြီး ကျေးရွာချင်းဆက်တံတား ရေတိုက်စား၍ ပြိုကျ  ကျွန်းစုမြို့နယ် မရမ်းချောင်း - တောင်တွင်းကြီး ကျေးရွာချင်းဆက်တံတား ရေတိုက်စား၍ ပြိုကျ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.