မသင်္ကာဖွယ်ရာယာဉ်မှ ကျောက်စိမ်းတုံးဖြတ်စ ၊ လည်ဆွဲ၊ ကျောက်ချောထည်မျိုးစုံ သိမ်းဆည်းရမိ


 နောင်ချို စက်တင်ဘာ ၂၇

 တစ်ဖက်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတုံးဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည်များ သယ် ဆောင်ဖမ်းဆီးရမိမှုအများဆုံးမှာ လှုပ်ရှားအဖွဲ့(၁)ဌာနစုံ ပူးပေါင်းအဖွဲ့ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့အဝင် အေးရှာဝေါလ် တိုးဂိတ်အနီး ယာယီအခြေပြုလျက် တရားမဝင်ကုန်သွယ်မှု အကောက်ခွန်မဲ့ကုန်ပစ္စည်းများထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေသော လှုပ်ရှားအဖွဲ့(၁) ပူးပေါင်း စစ်ဆေးရေးအဖွဲ့တို့သည် စက်တင်ဘာ ၂၇ ရက်နံနက် ၈ နာရီခွဲက မန္တလေးဘက်မှ မူဆယ်ဘက်သို့ ယာဉ်အမှတ်7H/--- ယာဉ်သည် စစ်ဆေးရေးဂိတ်သို့ အစစ်ဆေးခံရန် မောင်းနှင်လာပြီး ပြန်လည်ထွက်ခွာမောင်းနှင်သွားရာ ပူးပေါင်းအဖွဲ့တို့က မသင်္ကာသဖြင့် ဂုတ်တွင်းတံတားအနီးသို့ ပိတ်ဆို့ကာ ယာဉ်အားစစ်ဆေးဂိတ်သို့ ပြန်လည်ခေါ်ဆောင်စေပြီး စစ်ဆေးရာ ယာဉ်ရှေ့ ဒက်စ်ဘုတ် မှန်အောက်ကြားထဲတွင် နေရာအနှံ့ သိုဝှက်ယူဆောင်လာသော ကျောက်စိမ်းဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည် စုစုပေါင်းအလေးချိန် ၇၂ ဒသမ ၃ဝ တို့ကို ရှာဖွေသိမ်းဆည်းရမိသ

ည်။ ယာဉ်ကိုစစ်ဆေးနေစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည်များကို အကောက်ခွန် အမှုတွဲဖွင့်လှစ်မည်ဖြစ်ပြီး ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝင်း(နောင်ချို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မသင်္ကာဖွယ်ရာယာဉ်မှ ကျောက်စိမ်းတုံးဖြတ်စ ၊ လည်ဆွဲ၊ ကျောက်ချောထည်မျိုးစုံ သိမ်းဆည်းရမိ  မသင်္ကာဖွယ်ရာယာဉ်မှ ကျောက်စိမ်းတုံးဖြတ်စ ၊ လည်ဆွဲ၊ ကျောက်ချောထည်မျိုးစုံ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.