ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်​ရှိ ​မွန်​ရွာ​ပေါင်း ၃၄ ​ရွာ ​မဲ​ပေး​ခွင့်​မ​ရှိ
ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်၊ ​တောင်​ပေါက် ​ကျေး​ရွာ​အုပ်​စု (​အ​ဝိုင်း​ပြ​ထား​သည့် ​နေ​ရာ) - Google map
ပြည်​ထောင်​စု ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​မှ ​ယ​ခု​လ ၁၄ ​ရက်​နေ့​တွင် ​ပြန်​လည်​ ထုတ်​ပြန်​ လိုက်​သည့် ​မဲ​ဆ​န္ဒ​ရှင်​များ​ စာ​ရင်း​အ​ရ ​က​ရင်​ပြည်​နယ် ​ကြာ​အင်း​ဆိတ်​ကြီး​မြို့​နယ် ​ဇ​မိ/​ဝင်​ရော်​မြစ်​နှစ်​သွယ်​ကြား​ရှိ ​မွန်​ကျေး​ရွာ​ပေါင်း ၃၄ ​ရွာ​ကို ​မဲ​စာ​ရင်း​မ​ကြေ​ညာ​သ​ဖြင့် ​မဲ​ပေး​ခွင့်​မ​ရှိ​ဟု ​ဒေ​သ​ခံ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှူး​များ​က ​ပြော​သည်။
ယ​မန်​နေ့ ​စက်​တင်​ဘာ​လ ၁၈ ​ရက်​နေ့​ည​နေ​ပိုင်း​တွင် ​သက်​ဆိုင်​ရာ ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှူး​များ​က ​ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​အ​ဖွဲ့​သို့ ​သွား​ရောက်​၍ ​ဆ​န္ဒ​မဲ​ပေး​ခွင့်​ပြု​ရန် ​အ​စီ​ရင်​ခံ ​တင်​ပြ​တောင်း​ဆို ​ထား​သည်​ဟု ​သိ​ရ​သည်။
မျှင်​ဝါး​ကုန်း​ကျေး​ရွာ​သား ​နိုင်​ဝင်း​ရွှေ​က “​ပ​ထ​မ​တစ်​ခေါက်​လာ​တုန်း​က ​မဲ​စာ​ရင်း​ကို ​စာ​ရေး​မ​တွေ​က ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှူး​တွေ​ကို ​လာ​ပေး​တယ်၊ ​ကျ​နော်​တို့​ရွာ​မှာ ​လာ​ကပ်​တယ် ​ကျ​နော့်​နာ​မည်​လည်း​ပါ​တယ်၊ ​အ​ခု​နောက်​တစ်​ခေါက် ​မဲ​ဆ​န္ဒ​ရှင်​စာ​ရင်း​ကြေ​ညာ​တော့ ​ကျ​နော်​တို့​ရွာ​ကို ​လာ​မ​ကပ်​တော့​ဘူး၊ ​လုံး​ခြုံ​ရေး​အ​ရ ​မဲ​မ​ပေး​နိုင်​သော​နယ်​မြေ​သတ်​မှတ်​လိုက်​တယ်​လို့ ​ကြား​ရ​တယ်” ​ဟု ​ပြော​သည်။
မွန်​ပြည်​သစ်​ပါ​တီ ​မော်​လ​မြိုင်​ခ​ရိုင်​ဌာ​န​ချုပ် ​ဧ​ရိ​ယာ​နှင့်​နီး​စပ်​နေ​သော ​တောင်​ပေါက်​ကျေး​ရွာ​ဒေ​သ​ရှိ ​ကျေး​ရွာ​ပေါင်း ၃၄ ​ရွာ​တွင် ​အိမ်​ခြေ ၅၅၀၀ ​ကျော်​ရှိ​ပြီး ​မဲ​ပေး​နိုင်​သည့် ​လူ​ဦး​ရေ​မှာ ၂ ​သောင်း ​အ​ထက်​ရှိ​ကြောင်း ​သိ​ရ​သည်။
“​လွန်​ခဲ့​တဲ့ ၂၀၁၀ ​တုန်း​က​လည်း ​ကျ​နော်​တို့ ​မဲ​ထည့်​ခွင့်​မ​ရ​ခဲ့​ဘူး၊ ​ဒါ​ပေ​မဲ့ ​အဲ​ဒီ​တုန်း​က ​လူ​တွေ​က​လည်း ​စိတ်​မ​ဝင်​စား​ကြ​ဘူး၊ ​မဲ​ရုံ​မ​ထား​လည်း ​ကိ​စ္စ​မ​ရှိ​ဘူး၊ ​အဲ​ဒီ​တုန်း​က​ရွေး​ကောက်​ပွဲ​ဟာ ​အ​လိမ်​အ​ညာ​ပဲ​လို့ ​ထင်​ထား​ကြ​တယ်၊ ​ဒါ​ပေ​မဲ့ ​အ​ခု​တော့​လူ​တွေ​လည်း ​ဒီ​ရွေး​ကောက်​ပွဲ​ကို ​စိတ်​ဝင်​စား​လာ​တယ်၊ ​မဲ​ဆ​န္ဒ​ရှင်​ရွာ​ကို ​လာ​မ​ကပ်​တော့ ​ကျ​နော်​တို့​အ​တွက် ​ဒါ​ဟာ ​နိုင်​ငံ​သား​အ​ခွင့်​အ​ရေး ​ဆုံး​ရှုံး​တာ​ပဲ” ​ဟု ​နိုင်​ဝင်း​ရွှေ​က ​ဆက်​ပြော​သည်။
လက်​ရှိ​တွင် ​ကျေး​ရွာ ၁၀ ​ရွာ​ခန့်​မှ ​မှတ်​ပုံ​တင်​ရှိ​ပြီး ​မဲ​ပေး​နိုင်​သည့် ​လူ​ဦး​ရေ ၃၀၂၂ ​ဦး ​စာ​ရင်း​ပြု​စု​၍ ​မြို့​နယ်​ရွေး​ကောက်​ပွဲ​ကော်​မ​ရှင်​ခွဲ​ရုံး​သို့ ​သွား​ရောက်​တင်​ပြ​ခဲ့​ရာ​တွင် ​ကော်​မ​ရှင်​မှ ​လက်​မ​ခံ​ကြောင်း ​သိ​ရ​သည်။
တောင်​ပေါက်​ကျေး​ရွာ​သား ​ဦး​အောင်​မင်း​က “ ​မဲ​ပေး​ခွင့်​စာ​ရင်း​ပ​ထ​မ​တစ်​ခေါက် ​ကျ​နော်​တို့​ရွာ​မှာ ​လာ​ကပ်​တယ်၊ ​တစ်​ရွာ​လုံး​အ​တွက်​မ​ပါ​ဘူး ​တစ်​ဝက်​လောက်​ပဲ​ပါ​တယ်၊ ​အဲ​ဒီ​မှာ ​ကျ​နော်​နာ​မည်​မ​ပါ​ဘူး၊ ​မ​ပါ​တဲ့​အ​တွက် ​စာ​ရင်း​တင်​ရ​မယ်​ဆို​တာ​လည်း ​မ​သိ​ဘူး၊ ​လုပ်​ပေး​တဲ့​လူ​လည်း​မ​ရှိ​ခဲ့​ဘူး၊ ​ဒု​တိ​ယ ​ဒီ​တစ်​ခေါက်​မှာ ​မဲ​စာ​ရင်း​လာ​လည်း ​မ​ကပ်​သေး​ဘူး၊ ​ဒါ​ပေ​မဲ့ ​လွန်​ခဲ့​တဲ့ ၂၀၁၀ ​တုန်း​က ​ကျ​နော်​မဲ​ထည့်​ခွင့်​ရ​တယ်၊ ​ရွာ​မှာ​မဲ​ရုံ​ရှိ​တယ်” ​ဟု ​ပြော​သည်။
ယင်း​ကဲ့​သို့ ​မဲ​ဆ​န္ဒ​နယ်​မြေ​နှင့် ​မဲ​ဆ​န္ဒ​ရှင်​စာ​ရင်း​မ​ပါ​ဝင်​သည့် ​ကိ​စ္စ​ရပ်​ကို ​ကော်​မ​ရှင်​အ​ဖွဲ့​ခွဲ ​အ​ဆင့်​ဆင့်​သို့ ​ဆက်​လက်​တင်​ပြ​မည်​ဖြစ်​ကြောင်း၊ ​လို​အပ်​လျှင် ​ပြည်​ထောင်​စု ​အ​ဆင့်​သို့ ​တင်​ပြ​မည်​ဖြစ်​ကြောင်း ​၎င်း​က ​ဆက်​ပြော​သည်။
“​ကျ​နော်​တို့​က ​နိုင်​ငံ​သား​တစ်​ယောက်​ဖြစ်​တယ်၊ ​မှတ်​ပုံ​တင်​ရှိ​တယ် ​ဒါ​ကြောင့် ​ကျ​နော်​တို့​မှာ ​မဲ​ပေး​နိုင်​တဲ့ ​အ​ခွင့်​အ​ရေး​ရှိ​ရ​မယ်၊ ​ဒီ​အ​ခွင့်​အ​ရေး​ကို​တော့​ကျ​နော်​တို့ ​အ​ဆုံး​အ​ရှုံး​မ​ခံ​နိုင်​ဘူး၊ ​ကျ​နော်​တို့ ​ကြိုက်​တဲ့ ​ကိုယ်​စား​လှယ်​လောင်း​တစ်​ယောက်​ကို​တော့ ​ရွေး​ချယ်​ပိုင်​ခွင့်​ရှိ​ရ​မှာ​ပေါ့” ​ဟု ​ဦး​အောင်​မင်း​က ​ဆက်​ပြော​သည်။
ကော့​က​ရိတ်​မြို့​နယ်၊ ​ရွေး​ကောက်​ပွဲ​ကော်​မ​ရှင်​အ​ဖွဲ့​ခွဲ ​အ​တွင်း​ရေး​မှူး ​ဦး​မောင်​မောင်​ဝင်း​က “​အဲ​ဒီ​ကိ​စ္စ​တွေ​ကို ​ကျ​နော်​တို့ ​စိ​စစ်​နေ​တုန်း​ပဲ၊ ​ဘာ​မှ ​အ​တည်​ပြု​လို့​မ​ရ​သေး​ဘူး” ​ဟု ​ဆို​သည်။
ထို့​အ​တူ ​ယင်း​ဒေ​သ​ခံ​များ ​ဆ​န္ဒ​မဲ​ပေး​ပိုင်း​ခွင့်​ရှိ​ရေး​အ​တွက် ​လွန်​ခဲ့​သည့် ​ဇူ​လိုင်​လ ၁၈ ​ရက်​နေ့​ရက်​စွဲ​ဖြင့် ​ကြား​အင်း​ဆိပ်​ကြီး ​မြို့​နယ်​ရွေး​ကောက်​ပွဲ ​ရွေး​ကောက်​ပွဲ​ကော်​မ​ရှင်​အ​ဖွဲ့​ခွဲ​သို့ ​မွန်​ပြည်​သစ်​ပါ​တီ​က ​အ​ကြောင်း​ကြား​စာ ​ပေး​ပို့​ထား​ကြောင်း ​သိ​ရ​သည်။
အ​လား​တူ ​ထိုင်း​မြန်​မာ​နယ်​စပ် ​ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်၊ ​ဘု​ရား​သုံး​ဆူ​ဒေ​သ​ရှိ ​မွန်​ပြည်​သစ်​ပါ​တီ​ထိန်း​ချုပ်​ရာ ​ဟ​လော့​ဟ​နီ၊ ​ဗ​လဲ့​ဒွန်း​ဖိုက်​နှင့် ​အ​နီး​တ​ဝိုက်​ရှိ​ဒေ​သ​ခံ​များ ​မဲ​ပေး​ခွင့်​ရှိ​မ​ရှိ ​မ​သိ​ရ​သေး​ကြောင်း ​ဒေ​သ​ခံ​များ​က ​ပြော​သည်။
လွတ်လပ်သော မွန်သတင်း အေဂျင်စီ
http://burmese.monnews.org
ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်​ရှိ ​မွန်​ရွာ​ပေါင်း ၃၄ ​ရွာ ​မဲ​ပေး​ခွင့်​မ​ရှိ  ​ကြာ​အင်း​ဆိပ်​ကြီး​မြို့​နယ်​ရှိ ​မွန်​ရွာ​ပေါင်း ၃၄ ​ရွာ ​မဲ​ပေး​ခွင့်​မ​ရှိ Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.