ဘက်ဟိုးတင် နောက်တွဲပြုတ်ထွက်ပြီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်ခုနစ်စီးအား တိုက်မိ


 ရန်ကုန် စက်တင်ဘာ ၁၂

 စက်တင်ဘာ ၁ဝ ရက် ည ၁ဝ နာရီခွဲခန့်က ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဇာနည်ထွန်း မောင်းနှင် လာသော 7G/---- SKAT တစ်ပါထရပ် ရွှေအိုရောင် ရန်ကုန်မြို့တော်စည်ပင် လမ်း၊ တံတားဌာနပိုင်ယာဉ်သည် ဘက်ဟိုးတင်နောက်တွဲအား ချိတ်ဆွဲမောင်းနှင် လာစဉ် ဟုမ်းလမ်းမှတ်တိုင်ရှေ့အရောက် ပြုတ်ထွက်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုဇော်ထွန်း(၃၃)နှစ် သီတာလမ်း သီတာရပ်ကွက် ကြည့်မြင်တိုင်မြို့နယ်နေသူ မောင်းနှင်လာသော 7C/--- ကိုရိုလာဗင် အဖြူရောင်အငှားယာဉ်နှင့် ဝဲဘက်လမ်းစပ်၌ရပ်ထားသော 8H/----လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်၊ 5I/---- ပရိုဘောက် အဖြူရောင် အငှားယာဉ်၊ 6D/----- တိုယိုတာဗစ်အနက်ရောင်ကိုယ်ပိုင်ယာဉ်၊ 4F/-- ဆန်ဘရု ပစ်ကပ် အဖြူရောင်ကိုယ်ပိုင်ယာဉ်၊ 9I/--- Ford ပစ်ကပ်အဖြူရောင် ကိုယ်ပိုင် ယာဉ်၊ 8I/--- နစ်ဆန်းယူဒီထရပ် အပြာရောင် ကိုယ်ပိုင်ယာဉ်တို့အား တိုက်မိကာ ယာဉ်များပျက်စီးသွားသဖြင့် ယာဉ်မောင်းနှင်သူ ဇာနည်ထွန်း ၃၂ နှစ် စည်ပင်ဝင်း မြယာကုန်းလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်နေသူအား ကြည့်မြင်တိုင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဘက်ဟိုးတင် နောက်တွဲပြုတ်ထွက်ပြီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်ခုနစ်စီးအား တိုက်မိ   ဘက်ဟိုးတင် နောက်တွဲပြုတ်ထွက်ပြီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်ခုနစ်စီးအား တိုက်မိ Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.