မွေးရာပါ အလုံးအကျိတ် ဝေဒနာ ခံစားနေရသည့် ဆင်းရဲချို့တဲ့ ကလေးငယ်အား ကူညီပါ


 ပုသိမ် စက်တင်ဘာ ၁၇

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ရွှေမြင်တင်ကျေးရွာ ချောင်း ကြီးပိုင်းရပ်ကွက်တွင် မိဘများနှင့် အတူနေထိုင်သည့် အသက် သုံးနှစ် အရွယ် ကလေးငယ် မဝင်းလဲ့လဲ့ဖြိုးမှာ မျက်နှာပေါ်ရှိ မွေးရာပါအလုံး အကျိတ်ကြီး ဝေဒနာခံစားနေရသော ကြောင့် ၄င်းကိုခွဲစိတ်ကုသရန် မိဘ များမှ ငွေကြေးမတတ်နိုင်ကြ၍ အလှူ ရှင်များ လိုအပ်လျက်ရှိကြောင်း ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့ မှ သိရသည်။

အဆိုပါဝေဒနာ ခံစားနေရသော ကလေးငယ်၏ မျက်နှာပေါ်ရှိ မွေး ရာပါ အလုံးအကျိတ်မှာ ယခုအခါ တဖြည်းဖြည်းကြီးထွားလာသဖြင့် ပုသိမ်မြို့ ရှိ မြတ်စေတနာလူမှုရေးအသင်းနှင့် ONE TO ONE ပြည်သူ့ကူညီရေး အဖွဲ့တို့က တာဝန်ယူဆေးကုသပေးရန်အတွက် လုပ်ဆောင်နေကြကြောင်းသိရ ပြီး အဆိုပါ မွေးရာပါ အလုံးအကျိတ်ကြီးဝေဒနာခံစားနေရသည့် မဝင်း လဲ့လဲ့ဖြိုးအား ဆေးရုံတင် ခွဲစိတ်ကုသရန်အတွက် ကုန်ကျစရိတ် လွန်စွာ များပြားသောကြောင့် လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များအနေ ဖြင့် ONE
TO ONE ပြည်သူ့ကူညီရေးအဖွဲ့မှ ကိုဝမ်း ဖုန်း-ဝ၉-၂၅၃၆၄၄၄၅၅၊ ဝ၉-၉၆၂၃၆၅၅၇၇ နှင့် မောင်လူပျော် ဖုန်း-ဝ၉-၄ဝ၂၅၇၇၁၄၃၊ ဝ၉-၇၉၇၁၁၂ဝ၅ဝ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ONE
TO ONE ပြည်သူ့ကူညီရေးအဖွဲ့မှ သိရသည်။

 တင်လှမောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မွေးရာပါ အလုံးအကျိတ် ဝေဒနာ ခံစားနေရသည့် ဆင်းရဲချို့တဲ့ ကလေးငယ်အား ကူညီပါ    မွေးရာပါ အလုံးအကျိတ် ဝေဒနာ ခံစားနေရသည့် ဆင်းရဲချို့တဲ့ ကလေးငယ်အား ကူညီပါ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.