ဝ/ မိုင်းလားနယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင် ဥက္ကဌနှင့် ဆွေးနွေး


စက်တင်ဘာလ ၂၉ ရက် ၂၀၁၅

ရွေးကောက်ပွဲ လက်ခံ ကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ၀ ၊ မိုင်းလား တာဝန်ရှိသူများ စက်တင်ဘာလ ၂၉ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မိုင်းလားဘက်မှ လက်ခံကျင်းပမည် မဟုတ်ကြောင်း အကြောင်းတပါ တည်း အကြောင်းပြန်ကြားခဲ့သည်ဟု မိုင်းလားဒေသအား အုပ်ချုပ်နေသည့် NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။

''သူတို့ဘက်ကတော့ မိုင်းလားနယ်ထဲ ကျင်းပချင်တယ်။ တကယ်လို့ မြို့ပေါ် မရ ရင်လည်း အစပ်နားက တိုက်နယ် ရွာတွေနားအထိ မဲပုံးလာထောင်ချင် တယ်လို့ ပြောတယ် ။ ကျနော်တို့သဘော ထားက တော့ အရင်တုန်းက အတိုင်းပါပဲ။ ကျင်းပဖို့ကလည်း မသင့်တော်သေးဘူးလေ ဒါကြောင့် မဖြစ်နိုင် ဘူးလို့ ပဲ ကျနော်တို့ဘက်က ပြောလိုက်တယ် '' ဟု မိုင်းလား အဖွဲ့မှ ဦးကြည်မြင့်က ပြောသည်။

ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး UWSA ၀ တပ်ဖွဲ့အနေဖြင့်မူ အထက်သို့ ပြန်လည် တင်ပြပြီးမှ အကြောင်းပြန်နိုင်မည်ဟု ကော်မရှင် ဥက္ကဌအားပြောဆိုခဲ့ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်မြင့်က ပြောသည်။

''ကျနော် တို့က ခုမှ ပန်ဆန်းပြန်ရောက်တာ အထက်ကို မတင်ပြရသေး ဘူးလေ မနေ့က သွားတာ ကလည်း ကျနော်နဲ့ နောက်တယောက်နဲ့ ဆိုတော့ ပြန်တင်ပြရဦးမှာ'' ဟု စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်း တွင် ပြောသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းအတွင်းမှ ပန်ဆန်း ၊ ဟိုပန် ၊ ပန်ဝိုင် ၊ မိုင်းမော စသည့် မြို့များနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ကြောင်း ဒေသအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့စည်း များက ယခင်ကတည်း က ကြေငြာခဲ့ပြီးဖြစ်သည်။ မိုင်းလားဒေသတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ် မှတ်ချက်အရ မိုင်းလား တမြို့ထဲရှိနေသော်လည်း ဆီလူး ၊ မိုင်းမ နှင့် မိုင်းလား ဟူ၍ မိုင်းလားအဖွဲ့က မြို့ ၃ မြို့ သတ်မှတ်ထားပြီး ယင်း ၃မြို့အား ပူးပေါင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အစိုးရထံ မိုင်းလား NDAA တာဝန်ရှိသူများက တောင်းဆိုထားသည်။ ၀ ဒေသကို အုပ်ချုပ်နေသည့် ၀ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP ကမူ ၀ တိုင်းရင်းသားများ နေ ထိုင်သည့် ဒေသများကို စုပေါင်းပြီး ၀ ပြည်နယ်အဖြစ်သတ်မှတ်ပေး ရန် တောင်းဆိုထားသည်။

ဓါတ်ပုံ - Facebook မှကူးယူဖော်ပြသည်

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ