ချီလီအလယ်ပိုင်း ကမ်းလွန် ကမ်းရိုးတန်းပင်လယ်တွင် ၈.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်


တရုတ်မြေငလျင်ကွန်ယက်မှတိုင်းတာချက်အရ ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၊ ၁၇ ရက်နေ့ ဘေဂျင်းစံတော်ချိန် ၆နာရီ ၅၄ မိနစ် ၌ချီလီအလယ်ပိုင်းကမ်းလွန်ကမ်းရိုးတန်းပင်လယ်တွင် (လတ်တီကျု -31.6° လောင်ဂျီတွဒ် -71.6°) အနက် ၂၀ကီလိုမီတာရှိအင်အား ၈.၂ အဆင့်ရှိမြေငလျင်တစ်ခုဖြစ်ပွားခဲ့သည်။


 မြို့ တော်စန်တီယာဂိုရှိအဆောက်အဦးများပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ၁၀သိန်းကျော်မှာ အရေးပေါ်ထွက်ပြေးခဲ့ရသည်။

အဆိုပါငလျင်ကြောင့်ကျယ်ပြန့်၍အန္တရာယ်ရှိသောဆူနာမီဖြစ်ပေါ်လာနိုင်သည်ဟုပစိဖိတ်ဆူနာမီသတိပေးဗဟိုဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်ဟုလည်းသိရသည်။

ငလျင်ကြောင့်ချီလီ ၊ပီရူး၊ ဂျပန် ၊ နယူးဇီလန် နှင့်အခြားပစိဖိတ်နိုင်ငံများ ၊ အမေရိကန်နိုင်ငံဟာဝိုင်ယီ နှင့် ဂျော်ဂျီယာဂယ်ရီဝဲဖယ်တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။

ဒေသခံပြည်သူများ၏ပြောကြားချက်အရအဆိုပါ ငလျင်ကြောင့် လူ၅ဦးသေဆုံးခဲ့သည် ဟုသိရှိရပြီး ချီလီသမ္မတMichelle Bachelet မှလည်းဘေးအန္တရာယ်ကျရောက်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟုသိရှိရသည်။

china.com Myanmar
https://www.facebook.com/china.com.mm


ချီလီအလယ်ပိုင်း ကမ်းလွန် ကမ်းရိုးတန်းပင်လယ်တွင် ၈.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်  ချီလီအလယ်ပိုင်း ကမ်းလွန် ကမ်းရိုးတန်းပင်လယ်တွင် ၈.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.