ချိန်းတွေ့သည့် စုံတွဲများထံမှ ခြိမ်းခြောက် ငွေတောင်းသူအား အမှုဖွင့်အရေးယူ


 ပခုက္ကူ စက်တင်ဘာ ၂ဝ

 မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နေ စုံတွဲတစ်တွဲသည် ပခုက္ကူမြို့ အမှတ် (၆) ရပ်ကွက် ဦးသီလတောင်အနီး လှည်းလမ်းဘေးရှိ သစ်ပင်အောက်၌ ထိုင်စကားပြောနေစဉ် အသက် ၃ဝ ခန့် အမျိုးသားတစ်ဦး ဓားရှည်ကိုင်လျက်ရောက်လာပြီး ပိုက်ဆံတောင်းရာ မပါကြောင်း ပြောသည်ကို မကျေနပ်ဘဲ ခြိမ်းခြောက်ကြိမ်းမောင်းပြောဆို၍ တစ်ထောင်တန်တစ်ရွက်ကို ပေးပြီး ¤င်းတို့နှစ်ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးလာခဲ့ရသဖြင့် စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဌာန်နှင့်ပတ်သက်၍ မေးမြန်းပြီး ယင်းနေရာသို့ သွားရောက်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူသည် ပခုက္ကူမြို့ အမှတ်(၁၅) ရပ်ကွက်နေ ကုန်တင်ကုန်ချအလုပ်သမား သိန်းစိုး (၃၃ နှစ်) ဖြစ်ကြောင်းသိရပြီး ယင်းနေရာ၌ ချိန်းတွေ့သည့်စုံတွဲများထံမှ ထပ်မံလုယူရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မြေလတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချိန်းတွေ့သည့် စုံတွဲများထံမှ ခြိမ်းခြောက် ငွေတောင်းသူအား အမှုဖွင့်အရေးယူ   ချိန်းတွေ့သည့် စုံတွဲများထံမှ ခြိမ်းခြောက် ငွေတောင်းသူအား အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.