ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်


 ကျောက်တံခါး စက်တင်ဘာ ၁၅

 ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်း၏မြောက်ဘက် လေးမိုင်ခန့်အကွာ ရင်းတိုက်ကုန်းကျေးရွာ အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် (၁၁၇/၄) နှင့် (၁၁၇/၅) အကြား လမ်းအကွေ့တွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁ နာရီခွဲ က ဆီဘောက်ဆာ ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးသိန်းထိုက် သွားရောက်စစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးလှရွှေ (၃၈ နှစ်) မှန်တမ်းရွာ သရက်ကုန်းအုပ်စု နောင်ချို မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 3B/---- ဒီဇယ် ဂါလန် ၃၈ဝဝ တင်ဆောင်လာသော ၁၂ ဘီး ဆီဘောက်ဆာယာဉ်သည် လမ်းကွေ့တွင်အရှိန်မထိန်း နိုင်ဘဲ လျှပ်စစ်မီးသွယ်တန်းထားသောကွန်ကရစ်တိုင် အားဝင်တိုက်မိပြီး ယာဉ်မှာတိမ်းမှောက်ခဲ့ရာ ဆီ ဘောက်ဆာမှ ဒီဇယ်များယိုစိမ့်ခဲ့ကြောင်း၊ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့တွင် ဒဏ်ရာများရရှိ၍ ကျောက် တံခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်း က ယာဉ်မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်းကို အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်  ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 11:44 Rating: 5
Powered by Blogger.