ဒုအကြိမ် မဲစာရင်း ကြေညာပြီ

မဲစာရင်းမှာ မိမိနာမည် ပါမပါ လာစစ်ဆေးဖို့ တိုက်တွန်း (ဓာတ်ပုံ - အောင်နေမျိုး) (Credit: ABC Licensed) 
 မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​မဲပေးနိုင်မယ့် ​မဲဆန္ဒရှင်တွေရဲ့ ​စာရင်းကို ​ဒီကနေ့ ​ကစပြီး ​ဒုတိယအကြိမ် ​ကြေညာလိုက်ပြီ ​ဖြစ်ပါတယ်။

မဲစာရင်းကို ​၁၄ ​ရက်ကြာ ​ကြေညာထားမှာဖြစ်ပြီး ​မဲပေးခွင့်ရှိသူတွေအနေနဲ့ ​မဲစားရင်းမှာ ​မိမိနာမည် ​ပါမပါကို ​သွားရောက်ကြည့်ရှုကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

မဲစာရင်းမှာ ​ကိုယ့်နာမည် ​မပါတာတွေနဲ့ ​အချက်အလက် ​မှားယွင်းတာမျိုး ​ဖြစ်နေရင် ​နှစ်ပတ်အတွင်း ​ပြင်ဆင်ကြဖို့ ​တိုက်တွန်းထားပါတယ်။

ဒါဟာ ​နောက်ဆုံးအကြိမ် ​မဲစာရင်းပြင်ဆင်မှု ​ဖြစ်တဲ့အတွက် ​လာရောက် ​စစ်ဆေးကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

အရင်တစ်ခေါက်တုန်းက ​မဲစာရင်းမှာ ​အမှားတွေ ​အများအပြားပါတဲ့အတွက် ​ရွေးကောက်ပွဲ ​ကော်မရှင်အတွက် ​မျက်နှာ်ပျက်ခဲ့ရပြီး ​အခုတခါ ​ပြင်ဆင်မှုတွေလုပ်ပြီး ​ဒုတိယအကြိမ် ​ကြေညာတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဒုအကြိမ် မဲစာရင်း ကြေညာပြီ  ဒုအကြိမ် မဲစာရင်း ကြေညာပြီ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.