မူး​ယစ်​ဓါ​တု​ပ​စ္စည်း​သစ် ​စစ်​ဆေး​ရေး ​သင်​တန်း​ပေး

မူး​ယစ်​ဓါ​တု​ဆေး​သစ် ​စစ်​ဆေး​ရေး ​သင်​တန်း
မူး​ယစ်​ဆေး​ဝါး ​ထုတ်​လုပ်​သူ ​တွေ ​ဟာ ​အ​ရင် ​သုံး​နေ​ကျ ​ဓါ​တု ​ပ​စ္စည်း ​နေ​ရာ ​တွေ ​မှာ ​အ​မျိုး​အ​စား ​အ​သစ် ​တွေ ​သုံး​စွဲ ​လာ​တာ ​ကြောင့် ​မဲ​ဆောက် ​နဲ့ ​မြ​ဝ​တီ ​ခ​ရိုင်​တွေ ​က ​မူး​ယစ် ​ဆေး​ဝါး ​နှိမ်​နင်း ​ရေး ​ဌာ​န ​တာ​ဝန်​ရှိ​သူ ​တွေ ​ကို ​ထိုင်း​မူး​ယစ် ​ဆေး​ဝါး ​နှိမ်​နင်း​ရေး ​ဌာ​န ​မှ ​ဓါ​တု ​ပ​စ္စည်း​အ​မျိုး​အ​စာ ​သစ် ​တွေ ​ရှာ​ဖွေ ​စစ်​ဆေး ​နည်း ​ကို ​စက်​တင်​ဘာ​လ ၁၁ ​ရက်​နေ့ ​က ​သင်​တန်း ​ပို့​ချ ​ပါ​တယ်။

မဲ​ဆောက် ​မြ​ဝ​တီ ​နယ်​စပ် ​ကုန်​သွယ်​ရေး ​လမ်း​ကြောင်း​ဟာ ​ထိုင်း ​မြန်​မာ ​နယ်​စပ် ​မှာ ​အ​ကြီး​ဆုံး ​ကုန်​သွယ်​ရေး ​လမ်း​ကြောင်း ​ဖြစ်​လို့ ​ဒီ​လမ်း​ကြောင်း ​က​နေ ​ဓါ​တု ​ပ​စ္စည်း ​အ​သစ်​တွေ ​ကို ​သယ်​ဆောင် ​လာ​နိုင်​တယ် ​လို့ ​နှစ်​နိုင်​ငံ ​မူး​ယစ် ​နှိမ်​နင်း​ရေး ​ဌာ​န ​တွေ ​က ​အ​ထူး ​သ​တိ​ပြု​နေ ​ကြ​တာ​ပါ။

အဲ​ဒီ ​အ​တွက် ​မဲ​ဆောက် ​နဲ့ ​မြ​ဝ​တီ ​ခ​ရိုင်​တွေ ​က ​မူး​ယစ်​ဆေး​ဝါး ​နှိမ်​နင်း​ရေး ​ဌာ​န ​တာ​ဝန် ​ရှိ​သူ​တွေ ​ကို ​ထိုင်း​မူး​ယစ် ​ဆေး​ဝါး ​နှိမ်​နင်း​ရေး ​ဌာ​န ​မှ ​ဓါ​တု ​ပ​စ္စည်း ​အ​မျိုး​အ​စား​သစ် ​တွေ ​ရှာ​ဖွေ ​စစ်​ဆေး​နည်း ​ကို ​သင်​တန်း ​ပို့​ချ ​ရ​ခြင်း​နဲ့ ​ပတ်​သက်​ပြီး ​ထိုင်း​နိုင်​ငံ ​မူး​ယစ်​ဆေး​ဝါး ​ဆိုင်​ရာ ​အ​တတ်​ပ​ညာ ​နဲ့ ​ဓါတ်​ခွဲ ​ကျွမ်း​ကျင်​မှု ​သိ​ပ္နံ ​ရဲ့ ​ညွှန်​ကြား​ရေး​မှူး ​က ​ဒေ​သ​တွင်း ​ရှိ ​မူး​ယစ်​ဆေး ​ထုတ်​လုပ်​နိုင်​တဲ့ ​အ​ခြေ​ခံ ​ဓါ​တု ​ပ​စ္စည်း​တွေ ​ဟာ Epharine ​နဲ့ Pseudo Epharine ​သုံး​ရာ​က​နေ ​လူ​သိ​များ​သွား ​တဲ့ ​အ​ကြောင်း ​ဒါ​ကြောင့် ​မို့ Faduing 2 Komonon ​ကို ​အ​သုံး​ပြု​လာ​ပုံ ​ရှင်း​ပြ​ပါ​တယ်။

ဒါ့​အ​ပြင် ​စက်​မှု ​လုပ်​ငန်း​သုံး ​ဓါ​တု ​ပ​စ္စည်း​များ၊ ​အ​အေး​မိ ​ရော​ဂါ ​ပျောက်​ဆေး ​နဲ့ ​စိုက်​ပျိုး​ရေး ​ထွက်​ကုန်​တ​ချို့​ပါ ​သုံး​စွဲ ​လာ​တဲ့ ​အ​တွက် ​တာ​ဝန်​ရှိ​သူ​တွေ ​မျက်​ခြေ ​မ​ပြတ်​အောင် ​သု​တေ​သ​န ​ပြု ​ထား​တာ ​ကို ​မျှေ​ဝ ​ပုံ ​ကို ​ထိုင်း​နိုင်​ငံ ​မူး​ယစ်​ဆေး​ဝါး ​ဆိုင်​ရာ ​အ​တတ်​ပ​ညာ ​နဲ့ ​ဓါတ်​ခွဲ ​ကျွမ်း​ကျင်​မှု ​သိ​ပ္နံ ​ရဲ့ ​ညွှန်​ကြား​ရေး​မှူး ​က ​ပ​ထ​မ ​ဆုံး ​ပြု​လုပ်​တဲ့ ​သင်​တန်း​မှာ ​ပို့​ချ​ပေး​တာ​ပါ။

ထိုင်း ​နဲ့ ​မြန်​မာ ​နိုင်​ငံ ​က ​ဓါ​တု​ပ​စ္စည်း​တွေ ​မူး​ယစ်​ဆေး ​ထုတ်​လုပ် ​တဲ့ ​နေ​ရာ ​တွေ ​မ​ရောက်​အောင် ​ကြိုး​ပမ်း ​နေ​ချိန် ​မှာ ​အိ​န္ဒိ​ယ ​နဲ့ ​တ​ရုတ် ​နိုင်​ငံ ​တွေ ​ဘက် ​က ​ဓါ​တု ​ပ​စ္စည်း​တွေ ​ဟာ ​မြန်​မာ ​နိုင်​ငံ ​ထဲ ​မှောင်​ခို ​ဝင်​နေ​လို့ ​မူး​ယစ်​ဆေး ​ထုတ်​လုပ်​မှု ​ကျ​ဆင်း​အောင် ​လုပ်​နေ​မှု ​ကို ​အ​ဟန့်​အ​တား ​ဖြစ်​စေ​ကြောင်း ​မဲ​ဆောက် ​မှ ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် ​ကို ​ထိုင်း​မူး​ယစ်​ဆေး​ဝါး ​နှိမ်​နင်း​ရေး ​ဌာ​န ​မှ ​တာ​ဝန်​ခံ ​တွေ ​က ​ပြော​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
မူး​ယစ်​ဓါ​တု​ပ​စ္စည်း​သစ် ​စစ်​ဆေး​ရေး ​သင်​တန်း​ပေး  ​မူး​ယစ်​ဓါ​တု​ပ​စ္စည်း​သစ် ​စစ်​ဆေး​ရေး ​သင်​တန်း​ပေး Reviewed by THITHTOOLWIN on 04:12 Rating: 5
Powered by Blogger.