လင်းခေး ခရိုင် ရဲရုံးတွင် ဗုံးပေါက်ကွဲ


 စက်တင်ဘာလ ၂ ရက် ၂၀၁၅

 သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံး စိုက်ရာ လင်းခေးမြို့ရှိ ခရိုင်ရဲ ရုံးအတွင်း ဗုံးတလုံး ပေါက်ကွဲ မှုဖြစ်ပွါး ခဲ့ကြောင်း စုံစမ်း သိရှိရသည် ။

စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲက ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၊ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိကြောင်း ဆိုပါသည် ။

“ ခရိုင်ရဲ အသိုင်း အဝိုင်း ကတော့ လက်သည်ဟာ ကားတစီးနဲ့ လာပြီး ခရိုင်ရဲ ရုံးဝင်းထဲကို ဗုံးပစ်ချတာ လို့ပြောတယ် ။ ဒါပေမယ့် လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။ လုံခြုံရေး အပြည့် ရှိနေတဲ့ဟာ ။ ဒါကြောင့် ရဲတွေရဲ့ဗုံး မတော်တဆ ပေါက်ကွဲတာ လို့ဘဲ ခန့်မှန်း ကြပါတယ် ။” ဟု လင်းခေး ဒေသခံ တဦးက ပြောသည် ။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ခရိုင်ရုံးမှ တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ ။

လင်းခေး ခရိုင် ရဲတပ်ဖွဲ့ ရုံးသည် လင်းခေးမြို့မှ ဝမ့်ဟတ် အထွက်လမ်း ( မြို့တောင်ဘက် ) တွင် တည်ရှိပါသည် ။

မြို့နယ် ရဲစခန်းမှာမူ မိုးနဲမြို့မှ လာသည့် မြို့အဝင် လမ်းတွင် တည်ရှိပါသည် ။

လင်းခေး မြို့နယ်အား ခရိုင်အဆင့်သို့ ၂၀၁၄ ခုနှစ်က တိုးမြင့် ခဲ့ခြင်း ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
လင်းခေး ခရိုင် ရဲရုံးတွင် ဗုံးပေါက်ကွဲ  လင်းခေး ခရိုင် ရဲရုံးတွင် ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.