ဂျပန် ဥဏှောက် အမြှေးပါးရောင် ရောဂါဖြင့် ရသေ့တောင်နယ်မှ ကလေးငယ်နှစ်ဦးဆေးရုံပို့လိုက်ရဟုဆို


 ရန်ကုန်၊ စက်တင်ဘာ ၁၅

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာနှစ်ခုမှ ကလေးငယ် နှစ်ဦးအား ဂျပန် ဥဏှောက်အမြှေးပါးရောင် ရောဂါ ဖြစ်ပွားနေ သဖြင့် ဆေးရုံတင်လိုက်ရသည်ဟု မိသားစုများက ပြောသည်။

သူတို့မှာ ရသေ့တောင်မြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်လုံးမောင်၏ အသက် ၉ နှစ် အရွယ် သမီးငယ်နှင့် ကုန်တန်းကျေးရွာမှ ဦးသန်းရွေ၊ ဇနီး ဒေါ်ဦးသန်းအေးတို့၏သား ၉ နှစ်အရွယ် ဖြိုးဝေစိုးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့ ဆေးရုံကြီးသို့ ဆက်သွယ်ရာ ဥဏှောက် အမြှေးရောင် ရောဂါဖြင့် တက်ရောက် ကုသနေသူ မရှိကြောင်း၊ သို့သော်လည်း အမည်ကို သိပါက ယင်းကလေးငယ်မှာ ၎င်းရောဂါကို ခံစားနေရသူ ဟုတ်မဟုတ် ကို စစ်ဆေးကြည့်မည် ဖြစ်ကြောင်း စစ်တွေဆေးရုံကြီးမှာ တာဝန်ရှိ စာရေးကြီး တစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် ဆေးရုံသို့ ဆက်သွယ်ရာ ဦးသန်းရွှေ၏သား ဖြိုးဝေစိုးမှာ ဂျပန် ဥဏှောက်အမြှေးပါးရောင်
ရောဂါ လက္ခဏာမျိုးတွေ့ရသဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့လိုက်ကြောင်း၊ ယင်းကလေးငယ်မှာ အဆိုပါ ရောဂါ ခံစားနေရသူ ဟုတ် မဟုတ်ကို အထက်မှ အကြောင်းပြန်ကြားခြင်း မရှိသေး၍ မသိရသေးကြောင်း ပြောကြားသည်။

ရသေ့တောင်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလောင်း ဦးသန်းနိုင်ကမူ ကျေးရွာများတွင် ယင်းရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုများ အလျင်အမြန် ပြုလုပ်ရန်လိုသည်ဟု ပြောသည်။

ဂျပန် ဥဏှောက် အမြှေးပါးရောင် ရောဂါသည် ရခိုင်ပြည်နယ်တွင် ဖြစ်လေ့ ဖြစ်ထရှိသော ရောဂါ ဖြစ်ပြီး အထူးသဖြင့် အိမ်မွေးဝက်စသော တိရစ္ဆာန်များကို ကိုက်သော ခြင်များမှ တဆင့် ကူးစက် ပြန့်ပွားသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

ဂျပန် ဥဏှောက် အမြှေးပါးရောင် ရောဂါဖြင့် ရသေ့တောင်နယ်မှ ကလေးငယ်နှစ်ဦးဆေးရုံပို့လိုက်ရဟုဆို  ဂျပန် ဥဏှောက် အမြှေးပါးရောင် ရောဂါဖြင့် ရသေ့တောင်နယ်မှ ကလေးငယ်နှစ်ဦးဆေးရုံပို့လိုက်ရဟုဆို Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.