တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် ဗုံးပေါက်ကွဲမှု သံသယ ရှိသူ အား ရဲတပ်ဖွဲ့ မှ ကနဦး ဆုံးဖြတ် နိုင် ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် အတွင်း မှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် နေရာ တစ်နေရာ အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)
    နန်နင်း ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

    တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုကျုံး မြို့ ရဲဌာန မှ တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် အနီးတဝိုက် အတွင်း ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍ သံသယ ရှိသူမှာ လျိုချိန် ခရိုင် တာဖူကျိန် တွင် နေထိုင်သော အသက် ၃၃ နှစ် အရွယ် အမျိုးသား ဝိန်(မျိုးရိုး အမည်) ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ ရဲဌာန မှ ဤ ကိစ္စ ရပ် အား အလွန် အလေးထား ခဲ့ပြီး ချက်ချင်း စုံစမ်းစစ်ဆေးရေး ဌာန မှ ခေါင်းဆောင် များအား အခင်း ဖြစ်ပွားရာ နေရာ များသို့ စေလွှတ် ခဲ့ပြီး စုံစမ်း စစ်ဆေး ခဲ့သည်။

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုကျုံး မြို့ လျိုချိန် ခရိုင် တွင် စက်တင်ဘာ ၃၀ ရက်နေ့ ဒေသ စံတော်ချိန် နေ့လယ် ၃ နာရီ ၅၀ မိနစ် ခန့် မှ စတင်၍ ဗုံးပေါက်ကွဲမှု များ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန် တွင် ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

http://www.xinhuamyanmar.com

တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် ဗုံးပေါက်ကွဲမှု သံသယ ရှိသူ အား ရဲတပ်ဖွဲ့ မှ ကနဦး ဆုံးဖြတ် နိုင် ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ  တရုတ် နိုင်ငံ ကွမ်ရှီး ပြည်နယ် လျိုချိန် ခရိုင် ဗုံးပေါက်ကွဲမှု သံသယ ရှိသူ အား ရဲတပ်ဖွဲ့ မှ ကနဦး ဆုံးဖြတ် နိုင် ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.