ဗုံးဖောက်ခွဲသူ ထိုင်းကနေ အစောကတည်းက ထွက်ခွာလို့ဆို


ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဟိန္ဒူဘုးရားစင် (Credit: Reuters)
 ဘန်ကောက်မြို့ ​ဗုံးပေါက်ကွဲမှုမှာ ​အဓိက ​ပါဝင်တဲ့လူဟာ ​ဗုံးမပေါက်ကွဲခင်မှာ ​ထိုင်းနိုင်ငံကနေ ​ထွက်ခွားသွားခဲ့တယ်လို့ ​သိရပါတယ်။

လူသွားလူလာများတဲ့ ​ဟိန္ဒူ ​ဘုရားတစ်ခုမှာ ​သြဂုတ်လတုန်းက ​ဗုံးပေါက်ကွဲခဲ့တာကြောင့် ​လူ ​အယောက် ​၂၀ ​သေဆုံးပြီး ​၁၃၀ ​ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလောလောဆယ် ​နိုင်ငံခြားသား ​နှစ်ယောက်ကို ​ရဲတွေက ​ဖမ်းဆီးထားပြီး ​အဲဒီလူနှစ်ယောက်ထဲက ​တစ်ယောက်ဟာ ​ဗုံးဖောက်ခွဲရေးသမားကို ​ဘူတာရုံမှာ ​အိတ်တစ်လုံး ​ပို့ပေးခဲ့သူတွေ ​ဖြစ်ပါတယ်။

ကင်မရာမှာ ​တွေ့ရတဲ့ ​အကျီင်္ ​အဝါရောင်နဲ့လူက ​အဓိက ​တရားခံဖြစ်မယ်လို့ ​ရဲတွေက ​ယူဆထားပေမယ့် ​ထိုင်းနိုင်ငံကနေ ​အချိန်မီ ​ထွက်ခွာသွားပြီလို့ ​ထိုင်းရဲက ​ပြောပါတယ်။

အိတ်ကို ​သွားပို့ပေးခဲ့တဲ့လူကတော့ ​အိတ်ထဲမှာ ​ဘာတွေပါသလဲဆိုတာ ​မသိရဘူးလို့ ​ပြောဆိုလိုက်ပြီး ​အိတ်ပို့ဖို့ ​တာဝန်ကျတဲ့အတွက် ​လုပ်ဆောင်ရတာလို့ ​ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲက ​လူ ​၁၁ ​ယောက်ကို ​အလိုရှိပေမယ့် ​လူ ​နှစ်ယောက်ကိုသာ ​ဖမ်းမိထားပြီး ​ဘာကြောင့် ​ဗုံးဖောက်ခွဲကြသလဲဆိုတာကိုလည်း ​မသိရသေးပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗုံးဖောက်ခွဲသူ ထိုင်းကနေ အစောကတည်းက ထွက်ခွာလို့ဆို  ဗုံးဖောက်ခွဲသူ ထိုင်းကနေ အစောကတည်းက ထွက်ခွာလို့ဆို Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.