အရွယ်မရောက်သေးတဲ့ နီပေါ အမျိုးသမီးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရ


      နီပေါနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ ဖြစ်တာတာကြောင့်  နိုင်ငံရပ်ခြားတွေမှာ ကျွန်အဖြစ် ခိုင်းစေခံရမှုတွေ အများအပြား ရှိနေပါတယ်။ အချက်အလက်တွေအရ နီပေါနိုင်ငံသား (၂၇၀၀၀၀) ကျော်ဟာ နိုင်ငံရပ်ခြားမှာ ကျွန်အဖြစ် ခိုင်းစေခံနေရကြောင်း သိရပါတယ်။ အထူးသဖြင့် နီပေါ အမျိုးသမီးတွေပာာ နှစ်စဉ် ( ၇၀၀၀) ခန့် အိန္ဒိယကို ရောက်ရှိပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရပါတယ်။ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ နီပေါအမျိုးသမီး အရေအတွက်ဟာ (၂၀၀၀၀၀) ကျော်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နီပေါနိုင်ငံမှာ မကြာမီက လှုပ်သွားတဲ့ ငလျင်ကြောင့် အမျိုးသမီးတွေအနေနဲ့ လူမှောင်ခို ကူးခံရမှာကို စိုးရိမ်ထိတ်လန့်မိကြောင်း အမျိုးသမီး အခွင့်အရေး တက်ကြွစွာ လှုပ်ရှားနေတဲ့ အသက်(၃၆) နှစ် အရွယ်ရှိ ဆူနီတာက ပြောကြားခဲ့ပါတယ်။

      ဆူနီတာဟာ အသက် (၁၄) နှစ် အရွယ်ကတည်းက မွမ်ဘိုင်းရှိ ပြည်တန်ဆာ ရပ်ကွက်ကို ရောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဆူနီတာပာာ သူ့လိုအဖြစ်မျိုး မရောက်အောင် ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်။ ဆူနီတာဟာ ကျဉ်းမြောင်းတဲ့ အခန်းထဲမှာ ဖောက်သည်တွေနဲ့ တစ်နေ့ကို  အကြိမ် (၃၀)ခန့် ဆက်ဆံရပြီး တစ်ပတ်လုံး နားရက်မရှိ ခိုင်းစေခံရပါတယ်။  ပျော်ပွဲရွှင်ပွဲ ရက်တွေဆိုရင် တစ်နေ့ကို အကြိမ် ( ၅၀) ခန့် ဆက်ဆံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆူနီတာပာာ ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ အောင်မြင်ခဲ့တာကြောင့် နီပေါနိုင်ငံကို ပြန်လည် ရောက်လာတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ဆူနီတာဟာ အသက် (၃၆) နှစ် ရှိနေပြီဖြစ်ပါတယ်။ ဆူနီတာဟာ လူမူအဖွဲ့အစည်း တစ်ခုမှာ ၀င်လုပ်ရင်း အိန္ဒိယမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ နီပေါအမျိုးသမီးတွေကို ကယ်တင်ဖို့ ကြိုးစားပေးနေပါတယ်။ လူမှောင်ခိုသမားတွေဟာ မိဘတွေကို ယုံကြည်စွာ စည်းရုံးရင်း တစ်ယောက်ကို ပေါင် ( ၉၂) သာပေးပြီး နိုင်ငံရပ်ခြားကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ သဘာဝဘေးကြောင့် ပြည်သူတွေဟာ ဆင်းရဲဒုက္ခ ရောက်နေတာကြောင့် လူမှောင်ခိုသမားတွေရဲ့ စိတ်ကြိုက် ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။ လူမှောင်ခိုကူးမူကို ထောင်ဒဏ်နှစ် (၂၀) ချမှတ် နိုင်သော်လည်း အားနည်းချက်များကြောင့် ဟန့်တားနိုင်ခြင်း မရှိကြောင်း ဆူနီတာက ပြောကြားခဲ့ပါတယ်။ လူမှောင်ခိုသမားတွေဟာ အသက်အရွယ် မပြည့်သေးသူတွေကို အသက် လိမ်ညာကာ အိန္ဒိယကို ပို့ပြီး ပြည့်တန်ဆာ အဖြစ် စေခိုင်းနေကြောင်း ဆူနီတာက ဆိုခဲ့ပါတယ်။

The Messenger Media
http://messengernewsjournal.com
အရွယ်မရောက်သေးတဲ့ နီပေါ အမျိုးသမီးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရ   အရွယ်မရောက်သေးတဲ့ နီပေါ အမျိုးသမီးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.