 ထိုင်း​ဆန်​တွေ ​မြန်​မာ​ပြည်​တွင်း ​ဈေး​ကွက်​ထဲ ​ထိုး​ဖောက်
ထိုင်း​နိုင်​ငံ​က ​ထွက်​တဲ့ ​ဆန်​တွေ​ကို ​ရန်​ကုန် ​မြို့​ပေါ် ​ဈေး​ကွက်​ထဲ ​မှာ ​တွေ့​လာ ​နေ​ရ​ပါ​တယ်။
ဒါ​ဟာ ​မြန်​မာ​ပြည်​လို ​ဆန်​စ​ပါး ​အ​ဓိ​က ​စိုက်​ပျိုး ​ရောင်း​ချ​ရာ ​တိုင်း​ပြည်​ရဲ့ ​စီး​ပွား​ရေး ​မြို့​တော် ​မှာ ​ဆယ်​စု ​နှစ်​ပေါင်း​များ​စွာ ​အ​တွင်း ​ပ​ထ​မ​ဆုံး ​အ​နေ​နဲ့ ​အိမ်​နီး​ချင်း ​နိုင်​ငံ​ရဲ့ ​ဆန်​တွေ ​ဈေး​ကွက်​ထဲ ​ဝင်​ရောက် ​နေ​ရာ​ယူ ​လာ​တာ ​ဖြစ်​ပါ​တယ်။
ထိုင်း​ဆန် ​အ​မျိုး​စား IR-6 ​နဲ့ IR-8 ​ဆန်​တွေ​ဟာ ​တ​ရား​မ​ဝင် ​ကုန်​သွယ်​ရေး ​လမ်း​ကြောင်း ​က​နေ ​ဝင်​လာ ​ဖြစ်​တယ် ​လို့ ​ရန်​ကုန် ​မြို့​ခံ ​ကုန်​သည် ​တွေ ​က ​ပြော​ပါ​တယ်။
အဲ​ဒီ့ ​ဆန်​တွေ ​ဟာ ​မြန်​မာ​ပြည် ​ထွက် ​ဆင်း​သွယ်​လတ် ​နဲ့ ​ရ​တ​နာ​တိုး ​ဆန် ​တွေ ​နဲ့ ​အ​မျိုး​အ​စား ​တူ​ပါ​တယ်။
ဒါ​ပေ​မယ့် ​ထိုင်း​ဆန်​တွေ​ဟာ ​ဈေး ​ပို​မို ​သက်​သာ ​တဲ့ ​အ​ပြင် ​အ​ရည်​အ​သွေး ​ပို ​ကောင်း​တဲ့ ​အ​တွက် ​ဈေး​ကွက်​ထဲ ​နေ​ရာ​ရ ​လာ​တာ ​ဖြစ်​တယ် ​လို့ ​ဆန်​ကုန်​သည် ​တွေ​က ​ဆို​ပါ​တယ်။
ထိုင်း​ဆန် ​တစ်​အိတ်​ကို ​ရန်​ကုန် ​အ​ရောက် ​ကျပ် ၂​သောင်း ၄​ထောင် ​လောက်​ပဲ ​ရှိ​နေ​ချိန်​မှာ ​အ​မျိုး​စား​တူ ​မြန်​မာ ​ဆန် ​ဈေး​က ၂ ​သောင်း​ခွဲ ​လောက် ​ရှိ ​နေ​ပြီး ​ထိုင်း​ဆန်​နဲ့ ​ယှဉ်​ရင် ​အ​ကျိုး​အ​ကျေ ​များ​ပါ​တယ်။
ပြည်​တွင်း ​ဆန်​ဈေး ​က​လည်း ​သ​င်္က​နြ်​ပြီး ​က​တည်း​က ​တ​ဖြည်း​ဖြည်း ​တက်​နေ​ပါ​တယ်။
ငွေ​လဲ​နှုန်း ၂၀% ​လောက် ​တက် ​သွား​တဲ့ ​အ​တွက် ​ကျန် ​ဆန်​ဈေး ​ဆီ​ဈေး ​တွေ​ပါ ​လိုက်​တက် ​ကုန်​ကြ ​တာ ​ဖြစ်​တယ် ​လို့ ​ဆန်​ကုန်​သည် ​ကို​မျိုး​သူ​ရ​အေး ​က ​ပြော​ပါ​တယ်။
ဈေး​နှုန်း ​သက်​သာ​ပြီး ​အ​ရည်​အ​သွေး ​ကောင်း​တဲ့ ​ထိုင်း ​ဆန် ​တွေ ​သာ ​မြန်​မာ​ပြည်​ထဲ ​အ​ဝင်​များ ​လာ​ရင် ​ပြည်​တွင်း ​ဆန်​ဈေး​ကွက် ​ထိ​ခိုက် ​နိုင်​တဲ့ ​အ​တွက် ​အ​ခု​လို ​ဝင်​ရောက် ​နေ​တဲ့ ​အ​ခြေ​အ​နေ ​အ​ပေါ် ​ကိုင်​တွယ် ​နိုင်​ဖို့ ​စဉ်း​စား ​သင့်​တယ် ​လို့ ​မြန်​မာ ​နိုင်​ငံ ​ဆန်​စ​ပါး ​အ​သင်း​ချုပ် ​ရဲ့ ​တွဲ​ဘက် ​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှုး ​ဦး​လူ​မော်​မြင့်​အောင် ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ထိုင်း​ဆန်​တွေ ​မြန်​မာ​ပြည်​တွင်း ​ဈေး​ကွက်​ထဲ ​ထိုး​ဖောက် ​ ထိုင်း​ဆန်​တွေ ​မြန်​မာ​ပြည်​တွင်း ​ဈေး​ကွက်​ထဲ ​ထိုး​ဖောက် Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.