ဘာသာရေးအရ စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
 လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက်   မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာ၊ ဘာသာရေးကို နည်းလမ်းတခု အနေနဲ့သုံးပြီး သွေးခွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ချေကို စိုးရိမ်ပူပင်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအပါအ၀င် အနောက်နိုင်ငံသံရုံး ၉ ရုံးကနေ ပူးတွဲထုတ်ပြန် ကြေညာပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ဥပဒေတွေကို အသုံးပြုတဲ့နေရာမှာ လူမျိုး ဘာသာ နိုင်ငံရေးပါတီမရွေး မျှတမှုရှိစေဖို့နဲ့ တသားမတ်တည်းရှိဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့တွေကိုလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

"မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ဘူးတဲ့အတွက် ရွေးကောက်ပွဲ ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်ဖို့၊ သည်းခံစိတ်၊ အပြန်အလှန်လေးစားစိတ်နဲ့။ ကျောသားရင်သား မခွဲခြားဘဲ မျှတမှု ရှိတဲ့ တရားဥပဒေ ဖြစ်ရေး၊ အသိအမြင် ကျယ်ပြန့်လာစေရေး၊ နိုးဆော်ပေးပါဆိုပြီး မြန်မာအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံသားအားလုံးကိုတိုက်တွန်းထားပါတယ်။ သြစတေးလျသံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေးသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ အမေရိကန်သံရုံးတို့က ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများဆိုပြီး ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေးနဲ့လူမျိုးရေး ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေရှိခဲ့တာကြောင့်၊ အလားတူ ထပ်ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေခဲ့တာပါ။"

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ဘာသာရေးအရ စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း  ဘာသာရေးအရ စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.