လူ​နင်း​မိ​လို့ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး ၇၁၇ ​ယောက် ​သေ​ဆုံး

လူ​နင်း​မိ​လို့ ​ဟာ့​ဂ်ျ​ဘု​ရား​ဖူး ​အ​နည်း​ဆုံး ၇၁၇ ​ယောက် ​သေ​ဆုံး​ပြီး ၈၀၅ ​ယောက် ​ဒဏ်​ရာ​ရ။
ဆော်​ဒီ ​အာ​ရေ​ဗျ ​နိုင်​ငံ၊ ​မ​က္ကာ​မြို့ ​အ​နီး​မှာ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး​တွေ ​အ​ချင်း​ချင်း ​နင်း​မိ​ကြ​တဲ့ ​အ​တွက် ​အ​နည်း​ဆုံး ၇၁၇ ​ယောက် ​သေ​ဆုံး ​ခဲ့​တယ်​လို့ ​ဆော်​ဒီ ​အ​ရာ​ရှိ​တွေ​က ​ပြော​ပါ​တယ်။

မ​က္ကာ​မြို့ ​အ​နီး​က ​မီ​နာ​အ​ရပ်​မှာ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး​တွေ ​နောက်​ဆုံး ​ပြု​လုပ်​ရ​မယ့် ​အ​ဆင့်​မှာ ​လူ​နင်း​မိ​ကြ​တာ ​ဖြစ်​ပြီး၊ ၈၀၅ ​ယောက်​လည်း ​ဒဏ်​ရာ​ရ​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

မီ​နာ ​အ​ရပ်​မှာ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး​တွေ​က ​နတ်​ဆိုး​ကို ​ကျောက်​ခဲ​နဲ့ ​ပစ်​ပေါက်​တဲ့ ​လုပ်​ငန်း​စဉ်​အ​တွင်း ​ဘု​ရား​ဖူး​တွေ ​စု​ပြုံ ​ရောက်​ရှိ​ခဲ့​ကြ​ရာ​က ​လူ​နင်း​မိ​ကြ​တာ ​ဖြစ်​ပါ​တယ်။

ခု​နှစ် ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး ​ခ​ရီး​စဉ်​ကို ​က​မ္ဘာ​အ​နှံ့​က ​မွတ်​ဆ​လင် ၂ ​သန်း​ကျော် ​လာ​ရောက် ​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

ဟာ့​ဂ်ျ ​ဘု​ရား​ဖူး ​ခ​ရီး​စဉ် ​ပြင်​ဆင်​ချိန် ​တုန်း​က​လည်း ​မ​က္ကာ​မြို့​က Grand ​ဗ​လီ​မှာ ​ဝန်​ချီ​စက် ​တစ်​ခု ​ပြို​ကျ​ခဲ့​တဲ့​အ​တွက် ​လူ ၁၀၉ ​ယောက် ​သေ​ဆုံး ​ခဲ့​ပါ​သေး​တယ်။

BBC Burmese
http://www.bbc.com/burmese
လူ​နင်း​မိ​လို့ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး ၇၁၇ ​ယောက် ​သေ​ဆုံး  ​လူ​နင်း​မိ​လို့ ​ဟာ့​ဂ်ျ ​ဘု​ရား​ဖူး ၇၁၇ ​ယောက် ​သေ​ဆုံး Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.