လင်မယား စကားများရာမှ လူသတ်မှုဖြစ်


      မြစ်သားမြို့နယ်တွင် လင်မယား စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။ ယခုလ(၄)ရက် နံနက်ပိုင်းအချိန်တွင် မြစ်သားမြို့နယ် ဘုံကွင်းကျေးရွာနေ .........  (၃၂)နှစ်သည် အရက်မူးပြီး ဇနီးဖြစ်သူ .........   (၃၂)နှစ်နှင့် စကားများ ရန်ဖြစ်ရာမှ .........  ကဓားဖြင့် လိုက်ခုတ်ရာ တစ်ဝိုင်းတည်းနေ အစ်ကို ဖြစ်သူ ......... ၏ နေအိမ်ပေါ်သို့ တက်ပြေးခဲ့သည်။......... က ရန်မဖြစ်ရန် တားမြစ်သဖြင့် .........  က .........  အား ဓားနှင့်ခုတ်စဉ် စားပွဲခုံအား တိုက်မိလဲရာမှ .........  ကဓားအား လုယူ၍ ပြန်လည် ခုတ်သဖြင့် .........  မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

      အဆိုပါ အမှုနှင့်ပတ်သက်၍ ၀င်းနိုင်အား ရဲကင်းစခန်း(ရွာခိုင်ကြီး)မှ (ပ) ၁၅၁/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

The Messenger Media
http://messengernewsjournal.com

လင်မယား စကားများရာမှ လူသတ်မှုဖြစ်  လင်မယား စကားများရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.