ဇေ​ယျာ​သီ​ရိ ​တပ်​မဲ​ရုံ​မှူး​ခန့်​မယ့်​ကိ​စ္စ ​တပ်​နဲ့ ​ကော်​မ​ရှင် ​ညှိ​ရ

တပ်​မ​တော်​သား​တွေ​ကို ​မဲ​ရုံ​မှူး​နဲ့ ​ဒု​မဲ​ရုံ​မှူး​တွေ​အ​ဖြစ် ​ခန့်​တာ ​ဥ​ပ​ဒေ​နဲ့ ​မ​ညီ​ဘူး​လို့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ပြော
နေ​ပြည်​တော် ​ဇေ​ယျာ​သီ​ရိ ​မြို့​နယ်​ထဲ​က ​တပ်​ရင်း ​တပ်​ဖွဲ့​တွေ​ထဲ​က ​မဲ​ရုံ​တွေ​မှာ ​ကော်​မ​ရှင်​က ​ခန့်​တဲ့ ​မဲ​ရုံး​မှူး​တွေ​ကို ​လက်​မ​ခံ​ပဲ ​တပ်​မ​တော်​က ​ခန့်​တဲ့ ​မဲ​ရုံ​မှူး​တွေ​ကို ​ခန့်​မယ် ​ဆို​လို့ ​ကော်​မ​ရှင်​နဲ့ ​တပ်​မ​တော်​ကြား ​ညှိ​နေ​ရ​ပါ​တယ်။

ဇေ​ယျာ​သီ​ရိ​မြို့​နယ်​ဟာ ​တပ်​မ​တော် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​ရုံး ​အ​ခြေ​စိုက်​တဲ့ ​နယ်​မြေ ​ဖြစ်​ပါ​တယ်။

မဲ​ရုံ​ပေါင်း ၇၅​ရုံ​ကျော် ​ရှိ​ပြီး ​တပ်​ရင်း ​တပ်​ဖွဲ့​တွေ ​ထဲ​မှာ​တော့ ​မဲ​ရုံ​ပေါင်း ၂၀​နီး​ပါး ​ရှိ​ပါ​တယ်။

တပ်​မ​တော်​သား​တွေ​ကို ​မဲ​ရုံ​တွေ​မှာ ​တာ​ဝန်​ယူ​မယ့် ​မဲ​ရုံ​မှူး​နဲ့ ​ဒု​မဲ​ရုံ​မှူး​တွေ​အ​ဖြစ် ​ခန့်​အပ်​တာ​ဟာ ​ဥ​ပ​ဒေ​နဲ့ ​မ​ညီ​ဘူး ​ဆို​တာ​ကို ​စက်​တင်​ဘာ​လ ၂၁​ရက် ​နေ့​က ​တပ်​မ​တော်​ဖက်​ကို ​ရှင်း​ပြ​ခဲ့​တဲ့​အ​ကြောင်း ​နေ​ပြည်​တော် ​ကောင်​စီ​နယ်​မြေ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ဥ​က္က​ဌ ​ဦး​ထက်​အောင်​က ​ပြော​ပါ​တယ်။

ဥ​ပ​ဒေ​နဲ့ ​မ​ညီ​ဘူး​လို့ ​ကော်​မ​ရှင်​က ​ပြော​တာ​ကို ​တပ်​မ​တော်​ဖက်​က ​လက်​ခံ​မယ်​လို့ ​ယူ​ဆ​တဲ့ ​အ​ကြောင်း​နဲ့ ​ဒီ​ကိ​စ္စ​ကို ​ခ​ရိုင် ​ကော်​မ​ရှင်​နဲ့ ​ဆက်​ညှိ​နေ​တဲ့ ​အ​ကြောင်း ​သူ​က ​ပြော​ပါ​တယ်။

ဇေ​ယျာ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော် ​မဲ​ဆ​န္ဒ​နယ်​က​နေ ​တပ်​မ​တော်​က ​အ​ငြိမ်း​စား ​ယူ​ခဲ့​တဲ့ ​ဗိုလ်​ချုပ်​ကြီး ​လှေ​ဌး​ဝင်း​က ​ပြည်​ခိုင်​ဖြိုး ​ပါ​တီ ​ကိုယ်​စား​လှယ် ​အ​ဖြစ် ​လာ​မယ့် ​ရွေး​ကောက်​ပွဲ​မှာ ​ဝင်​ပြိုင်​မှာ​ပါ။

သူ​ရဲ့ ​ပြိုင်​ဖက်​တွေ​က​တော့ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ဒေါ်​ခင်​မျိုး​သွင်​နဲ့ ​တိုင်း​ရင်း​သား ​စည်း​လုံး ​ညီ​ညွတ်​ရေး​ပါ​တီ​က ​ဦး​လှ​မြင့်​တို့ ​ဖြစ်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
ဇေ​ယျာ​သီ​ရိ ​တပ်​မဲ​ရုံ​မှူး​ခန့်​မယ့်​ကိ​စ္စ ​တပ်​နဲ့ ​ကော်​မ​ရှင် ​ညှိ​ရ   ​ဇေ​ယျာ​သီ​ရိ ​တပ်​မဲ​ရုံ​မှူး​ခန့်​မယ့်​ကိ​စ္စ ​တပ်​နဲ့ ​ကော်​မ​ရှင် ​ညှိ​ရ Reviewed by THITHTOOLWIN on 07:20 Rating: 5
Powered by Blogger.