ထုံးဘို-မြစ်ငယ်ဖြတ်လမ်းမှာ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ(၃)ဦး ရေနစ်သေဆုံး


 အရှိန်မထိန်းနိုင်သောယာဉ် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ(၃)ဦး ရေနစ်သေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၇

၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ်ဖြတ်လမ်း မိုင်တိုင်အမှတ်(၂/၄-၅)ကြားတွင် အဆိုပါလမ်း အတိုင်း မြစ်ငယ်မှ ထုံးဘိုဘက်သို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာနေ အောင်နိုင်ဝင်း (၃၆)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မခိုင်သက်စိုး(၂၂)နှစ်နှင့် မသန်းကြူ(၃၁)နှစ်တို့ လိုက်ပါ လာသည့် 6D/×××× Range Rover အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ အကျယ်(၁၈)ပေ၊ ရေအနက်(၅)ပေခန့် ရေမြောင်းထဲသို့ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း အောင်နိုင်ဝင်း ပါ(၃)ဦးတို့တွင် ဒဏ်ရာများရရှိ ရေနစ်သေဆုံးသွားသဖြင့် ယာဉ်မောင်း အောင်နိုင်ဝင်းအား မြစ်ငယ်နယ်မြေရဲစခန်းယာဉ်(ပ)၂၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ထုံးဘို-မြစ်ငယ်ဖြတ်လမ်းမှာ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ(၃)ဦး ရေနစ်သေဆုံး  ထုံးဘို-မြစ်ငယ်ဖြတ်လမ်းမှာ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ(၃)ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.