ခရမ်းမြို့ နယ်တွင်ဖယောင်း တိုင်မီးထွန်းညှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား


 ခရမ်း စက်တင်ဘာ ၂၉

 ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့ တွင် စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ် အချိန် ခရမ်းမြို့ အမှတ် (၆) ရပ်ကွက် ပြည်တော်အေးလမ်းနေ ဒေါ်ကျင်မြ (ဘ) ဦးဘစိန်ပိုင် ကုန်မျိုးစုံရောင်း လုပ်ငန်းနေ အိမ် အပေါ်ထပ်တွင် လျှပ်စစ်မီး ပြတ်တောက်ချိန် ဖယောင်းတိုင်မီး ထွန်းထားရာမှတဆင့် စက္ကူဖြင့် ထုပ်ထားသော လောင်စာပစ္စည်းများမှ မီးစတင်လောင်ကျွမ်းခဲ့ ကြောင်းသိရှိရသည်။


မီးလောင်ကျွမ်းမူ ဖြစ်ပွားရာသို့ ခရမ်းမြို့ နယ် မီးသက်ဦးစီးဌာနမှ မီးသက်တပ်ဖွဲ့ ဝင် ( ၁၅ ) ဦး မီးသက်ယာဉ်( ၃ ) စီးဖြင့် မီးငြိမ်းသက်နေစဉ် ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်( ၁၆၀) ဦး နှင့် ကြက်ခြေနီ တပ်ဖွဲ့ ဝင်( ၅၀)ဦးအုပ်ချုပ်မူယာဉ် တစ်စီး အထောက်အကူပြုယာဉ် ( ၁) စီး မီးသက်ယာဉ် (၁၅ )စီး စုစုပေါင်းယာဉ် ( ၁၇ )စီး တို့ ထပ်မံရောက်ရှိလာပြီး ည ၂၃:၄၅ အချိန်မီး ညွန့်ကျိုးခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၂၅ မိနစ် အချိန်တွင် မီး လုံးဝငြိမ်းသက်နိုင်ခဲ့ ကြောင်းသိရှိရသည်။


 မီးလောင်မူကြောင့် အိမ်ခြေ (၁၉) လုံး အိမ်ထောင်စု( ၁၅ )စုလူဦးရေကျား( ၃၃ )ဦး မ(၄၅) ဦး စုစုပေါင်း (၇၈)ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူမရှိ ဆုံးရှံးမူတန်ဘိုး (၈၁) သိန်းခန့်  ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးသက်ဦးစီး ဌာနမှသိရှိရပြီး မီးဘေးဒုက္ခသည်များသည် ဆွေမျိုး မိတ်သင်္ဂဟများ၏ နေအိမ်များတွင် သွားရောက် နေထိုင်ကြပြီး ယာယီ ကယ်ဆယ်ရေးစခန်းကို ခရမ်းမြို့အမှတ် (၅) ရပ်ကွက် ကျောင်းသစ် ကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိခဲ့ရာ အိမ်ထောင်စု ၂ စုမှ ကျား (၄)ဦး မ (၇) ဦး စုစုပေါင်း (၁၁) ဦး တည်းခိုလျှက် ရှိကြောင်း နှင့် မီးလောင်ကျွမ်းမူအဆင့်မှာ LEVEL 2 အဆင့်ရှိခဲ့ပြီး ဖြစ်စဉ်နှင့် ပက်သက် ၍ခရမ်းမြို့မ ရဲစခန်းမှ( ပ )၃၅၈/၂၀၁၅ပြစ်မူ ဆိုင်ရာ ဥပဒေ ပုဒ်မ၂၈၅ဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ကျင်မြအား အမူဖွင့် အရေးယူထား ကြောင်း သိရသည်။

ကိုမင်း( ခရမ်း )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ခရမ်းမြို့ နယ်တွင်ဖယောင်း တိုင်မီးထွန်းညှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား  ခရမ်းမြို့ နယ်တွင်ဖယောင်း တိုင်မီးထွန်းညှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.