နေပြည်တော်ကောင်စီရုံးရှေ့ ရပ်ကွက်အတွင်း အတင့်ရဲစွာပြုလုပ်နေသော ကြက်တိုက်လောင်းကစားဝိုင်းတ၀ိုင်း ဖမ်းဆီးရမိ


ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ ၉၊ တောက်ထိန် ၂ လမ်းနေ ဦးမြင့်ဦး၏နေအိမ်တွင် တရားမ၀င် ကြက် တိုက်လောင်းကစားဝိုင်းပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ၁၃-၉-၂၀၁၅ ရက် ၁၂ နာရီ ၃၀ အချိန်တွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစားရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ်စဉ် ၈/၂၀၁၅ ဖြင့် ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဦးမြင့်ဦး၏ နေအိမ်အနောက်ဘက် မြေကွက်လပ်အတွင်းရှိ တဲအိမ်အောက်တွင် ဦးမြင့်ဦးနှင့်အတူ ခင်မောင်လတ်၊ ဦးဝင်းမောင်၊ ဦးဝင်းကို၊ သိန်းဝင်း၊ ကိုသူ၊ ဦးညွန့်ဝေတို့အား သက်သေခံပစ္စည်းများဖြစ်သည့် တိုက်ကြက် အနီ နှစ်ကောင်၊ တိုက်ကြက်ဖောင်း နှစ်ကောင်၊ ကြက်ဆေးကုရာတွင်အသုံးပြုသော ကြက်မွေးခုနစ်ချောင်း၊ လက်ကိုင်ပ၀ါ ခြောက်ထည်၊ ငွေစက္ကူရောရာ ကျပ် ၂၄၃၂၅၀ တို့နှင့်အတူ လူအမည်နှင့် လောင်းကြေးငွေ အရေအတွက်များရေးထားသော ဗလာစာအုပ်တအုပ်တို့နှင့်အတူ အမျိုးအစားစုံ ဆိုင်ကယ် ၁၅ စီး၊ လက်ကိုင်ဖုန်း ၅ လုံးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။


ဖမ်းမိတရားခံ ခုနစ်ဦး၊ ဆိုင်ကယ် ၁၅ စီး၊ တိုက်ကြက် လေးကောင်၊ လောင်းကြေးငွေ နှစ်သိန်းကျော်တို့အား နေပြည်တော် အမှတ်-၁ မြို့မရဲစခန်းတွင်  ၁၀၀- ၂၀၁၅ ပုဒ်မ ၁၃(က)/ ၁၄(က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


အထက်ပါ ဖမ်းဆီးမှုကို နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စိုးညွန့်၊ ဒုရဲမှူးခင်မောင်တို့ အနီးကပ်ကြီးကြပ်မှုဖြင့် ရဲအုပ်ခင်မောင်ငွေ၊ ရဲအုပ်ရာဇာဟိန်း၊ ရဲအုပ်အောင်မျိုးလွင်၊ ရဲအုပ်မြင့်အောင်၊ ဒုရဲအုပ်တင်ထွန်းတို့အပါအ၀င် ရဲတပ်ဖွဲ့ဝင်များသည် သက်သေလူကြီးများနှင့်အတူ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်ကောင်စီရုံးရှေ့ ရပ်ကွက်အတွင်း အတင့်ရဲစွာပြုလုပ်နေသော ကြက်တိုက်လောင်းကစားဝိုင်းတ၀ိုင်း ဖမ်းဆီးရမိ  နေပြည်တော်ကောင်စီရုံးရှေ့ ရပ်ကွက်အတွင်း အတင့်ရဲစွာပြုလုပ်နေသော ကြက်တိုက်လောင်းကစားဝိုင်းတ၀ိုင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.