ရက်ပိုင်းအတွင်း ဝန်ကြီးအဖွဲ့သစ် ဖွဲ့မယ်

ဝန်ကြီးချုပ်သစ် Malcolm Turnbull (Credit: ABC) 
 သြစတြေးလျနိုင်ငံမှာ ​ဝန်ကြီးချုပ်သစ် ​တက်လာပြီးနောက် ​ဝန်ကြီးအဖွဲ့ ​အပြောင်းအလဲ ​ဖြစ်မယ့် ​လက္ခာဏာတွေ ​တွေ့လာနေရပါတယ်။

 ဝန်ကြီးချုပ်ဟောင်း ​တိုနီအာဘော့တ်ကို ​ထောက်ခံတဲ့ ​ဘဏ္ဍာရေးဝန်ကြီး ​ဂျိုးဟော်ကီရဲ့ ​နေရာကို ​လူမှုရေးရာ ​ဝန်ကြီး ​Scott ​Morrison ​က ​ရရှိမယ့်အနေအထား ​ရှိနေပါတယ်။ ​ဘဏ္ဍာရေးဝန်ကြီး ​ဂျိုးဟော်ကီကိုတော့ ​ဆက်သွယ်ရေး ​ဝန်ကြီးနေရာ ​ပြောင်းပေးမယ့်အနေအထား ​ရှိနေတာပါ။ 

ဒီရက်ပိုင်းအတွင်း ​ဒါမှမဟုတ် ​နောက်တစ်ပတ် ​အစောပိုင်းမှာ ​ဝန်ကြီးအဖွဲ့ ​အပြောင်းအလဲ ​ဖြစ်နိုင်တယ်လို့ ​ဝန်ကြီးချုပ်သစ် ​Malcolm ​Turnbull ​ရဲ့ ​ရုံးက ​ပြောဆိုထားပါတယ်။

လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Peter ​Dutton ​ကို ​ဆက်လက် ​တာဝန်ထမ်းဆောင်ဖို့ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​က ​ကမ်းလှမ်းခဲ့ပေမယ့် ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီးက ​ဖုန်းမက်ဆေ့ခ်ျကနေ ​နှုတ်ထွက်ခွင့် ​တောင်းထားတယ်လို့ ​သိရပါတယ်။

တခြားဝန်ကြီး ​နေရာ ​အတော်များများကတော့ ​နဂိုအတိုင်း ​ဆက်လက်ထားရှိဖို့ ​များသလို ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကလည်း ​ဝန်ကြီးချုပ်ဟောင်း ​တိုနီအာဘော့တ်လက်ထပ်က ​ကျင့်သုံးတဲ့ ​ပေါ်လစီတွေကို ​ဆက်လက်ကျင့်သုံးသွားမယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရက်ပိုင်းအတွင်း ဝန်ကြီးအဖွဲ့သစ် ဖွဲ့မယ်  ရက်ပိုင်းအတွင်း ဝန်ကြီးအဖွဲ့သစ် ဖွဲ့မယ် Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.