ဆီး​ရီး​ယား​မှာ ​ရု​ရှား ​လေ​ကြောင်း​တိုက်​ခိုက်​မှု ​စ​တင်
 ဆီး​ရီး​ယား ​နိုင်​ငံ​မှာ ​သ​မ္မ​တ ​အာ​ဆတ်​ရဲ့ ​ရန်​သူ ​အ​ဖွဲ့​တွေ ​အ​ပေါ် ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ကို ​ရု​ရှား ​နိုင်​ငံ​က ​စ​တင် ​လုပ်​ဆောင် ​လိုက်​ပြီ​လို့ ​အ​မေ​ရိ​ကန် ​ကာ​ကွယ်​ရေး ​ဌာ​န ​အ​ရာ​ရှိ ​တစ်​ဦး​က ​ပြော​ပါ​တယ်။
ရု​ရှား​ရဲ့ ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ဟာ ​ဆီး​ရီး​ယား ​အ​နောက်​ပိုင်း​က ​ဟုမ်းစ်​မြို့ ​တ​ဝိုက်​မှာ ​စ​တင် ​ခဲ့​တာ​လို့ ​အဲ​ဒီ ​အ​မေ​ရိ​ကန် ​အ​ရာ​ရှိ​က ​ဆို​ပါ​တယ်။
ရု​ရှား​က ​အ​ခု​လို ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ ​မ​လုပ်​ခင်​မှာ ​အ​မေ​ရိ​ကန် ​အ​စိုး​ရ​ကို ​ကြို​တင် ​အ​သိ​ပေး​ခဲ့​တာ​ပါ။
ဆီး​ရီး​ယား ​သ​မ္မ​တ ​အာ​ဆတ်​ကို ​ရာ​ထူး​က​နေ ​ဆင်း​ပေး​ဖို့ ​အ​မေ​ရိ​ကန်​နဲ့ ​သူ့ ​မ​ဟာ​မိတ်​တွေ​က ​တောင်း​ဆို ​နေ​ခဲ့​ပေ​မယ့် ​ရု​ရှား​က​တော့ ​သ​မ္မ​တ ​အာ​ဆတ် ​ရာ​ထူး​မှာ ​ဆက်​ရှိ​နေ​ဖို့ ​ကူ​ညီ ​ပေး​နေ​ခဲ့​ပါ​တယ်။
၎ ​နှစ် ​ကြာ​ခဲ့​တဲ့ ​ဆီး​ရီး​ယား ​ပြည်​တွင်း​စစ်​မှာ IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ​အ​ဖွဲ့​နဲ့ ​တ​ခြား ​အ​စ္စ​လာ​မ္မစ် ​အ​ဖွဲ့​အ​ချို့ ​အ​ပါ​အ​ဝင် ​လက်​နက်​ကိုင် ​အ​ဖွဲ့ ​တွေ​က ​သ​မ္မ​တ ​အာ​ဆတ် ​အ​စိုး​ရ​ကို ​တိုက်​ခိုက် ​နေ​ကြ​တာ​ပါ။
သ​မ္မ​တ ​အာ​ဆတ်​က ​ရု​ရှား​ရဲ့ ​စစ်​ရေး ​အ​ကူ​အ​ညီ​ကို ​တ​ရား​ဝင် ​တောင်း​ခံ​ခဲ့​တဲ့ ​သ​တင်း​တွေ ​ပေါ်​ထွက်​ခဲ့ ​အ​ပြီး​မှာ ​အ​ခု​လို ​ရု​ရှား​ရဲ့ ​လေ​ကြောင်း ​တိုက်​ခိုက်​မှု ​ပေါ်​ပေါက်​လာ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဆီး​ရီး​ယား​မှာ ​ရု​ရှား ​လေ​ကြောင်း​တိုက်​ခိုက်​မှု ​စ​တင်  ​ဆီး​ရီး​ယား​မှာ ​ရု​ရှား ​လေ​ကြောင်း​တိုက်​ခိုက်​မှု ​စ​တင် Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.