ငွေတောင်ဆည်ဘောင်အောက် ကားလမ်မကြီးတွင် ဆိုင်ကယ်ချင်းတိုက်ပြီး တစ်ဦးပွဲချင်းပြီးသေဆုံး


 သြဂုတ်လ (၃၀)ရက်နေ့ တွင် ဒီးမော့ဆိုမြို့ ၊ငွေတောင်ဆည်ဘောင်အောက် လွိုင်ကော်- ဒီးမော့ဆို ကားလမ်းမကြီး ပေါ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု တစ်ခုဖြစ်ပွားပြီး တစ်ဦးပွဲချင်းပြီးသေဆုံး ခဲ့ကြောင်းသိရသည်။

ငွေတောင်ဆည်ဘောင်အောက် ဒီးမော့ဆို- လွိုင်ကော်-တောင်ငူ ကားလမ်း လမ်းဆုံတွင် အနီး ကားလမ်းမပေါ်တွင် သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၂း၅၀)နာရီချိန်ခန့် ပီကင်းဘက်မှ ဓျေးရောင်းပြီး ပြန်လာသော ဆိုင်ကယ် တစ်စီးနှင့် ငွေတောင်လယ်ထဲမှ ပြန်လာသော ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဖရူဆိုမြို့ ၊ဆိုလျားကူးကျေးရွာနေ ဦးဒါးဝီ မောင်းနှင်၍ နောက်မှ မောင်မာရီးကို(၁၈)နှစ် လိုက်ပါလာသော (SUMBO-125) ဆိုင်ကယ်သည် ဒီမော့ဆိုမြို့မ ဘက်သို့ ဦးတည်မောင်းနှင်လာစဉ် တောင်ငူဘက်မှ လွိုင်ကော်သို့ ဦးသန်းကို(၃၅)နှစ် ဦးတည်မောင်း နှင်လာသော(KENBO-125)ဆိုင်ကယ် တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိကြပြီး ဦးဒါးဝီမှာ ဦးခေါင်းဝဲယာ ၊ဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၊ဝဲဘက်မျက်လုံးများ ဒဏ်ရာရရှိကာ အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားသည်။

တောင်ငူဘက်မှ မောင်းနှင်လာသော ဦးသန်းကို မှာဓျေးသည်တစ်ဦး ဖြစ်ပြီး လွိုင်ကော်မြို့၊မင်းစုရပ်ကွက်တွင် နေသူဖြစ်ပြီး အခင်းဖြစ်ပွားချိန် ဘယ်ခြေထောက်ကျိုးဒဏ်ရာ၊ဘယ်ဖက်နားမှသွေးထွက်ဒဏ်ရာ ၊ပါစပ်အတွင်းမှသွေးထွက်ဒဏ်ရာ များရရှိခဲ့ပြီး ဒီးမော့ဆိုဆေးရုံးမှ လွိုင်ကော်ဆေးရုံသို့ စိုးရိမ်ရသောအခြေနေ အတွင်းလူနာအဖြစ် ဆေးကူသမှု ခံယူလျှက်ရှိပြီး ဦးဒါးဝီ၏ နောက်မှလိုက်စီးလာသေား မောင်မာရီးကိုမှာလည်း ဒီးမော့ဆိုဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျှက်ရှိကြောင်းသိရသည်။

အခင်းဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ်နှစ်စီးမှာ အရှိန်ပြင်းစွာ မောင်းနှင်လာခြင်းဖြစ်ပြီး လမ်းဆုံလမ်းခွတွင် လမ်းကြေား မောင်းနှင်မှုများမှားယွင်းကာ အရှိန်လည်းပါသေားကြောင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်များမှာ ကျိုးကြေကုန်သလို လမ်းဘေးသို့ လွှင့်စင်ကုန်တယ်လို့ မျက်မြင်သက်သေ တစ်ဦးကပြောဆိုပါတယ်။

ဒီးမော့ဆိုမြို့မ ရဲစခန်း ဒုရဲအုပ် မောင်မောင်စိုးမှ တရာလိုပြုလုပ်ကာ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ခဲ့သူ ဦးဒါးဝီ (သေဆုံး)နှင့် ကိုသန်းကို တို့အား ယာဉ်(ပ)၄∕၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၀၄-က∕၃၃၈ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ - ဆန်းဖြိုးထွန်း
ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ငွေတောင်ဆည်ဘောင်အောက် ကားလမ်မကြီးတွင် ဆိုင်ကယ်ချင်းတိုက်ပြီး တစ်ဦးပွဲချင်းပြီးသေဆုံး  ငွေတောင်ဆည်ဘောင်အောက် ကားလမ်မကြီးတွင် ဆိုင်ကယ်ချင်းတိုက်ပြီး တစ်ဦးပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.