အမျိုးသမီး သမ္မတကို ကြိုဆိုလို့ မင်းအောင်လှိုင်ဆို

(Credit: ABC) 
မြန်မာနိုင်ငံမှာ ​အမျိုးသမီး ​သမ္မတ ​ဖြစ်လာမယ်ဆိုရင်လည်း ​လက်ခံနိုင်တယ်လို့ ​ကာကွယ်ရေး ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​ပြောပါတယ်။

ဒါပေမဲ့ ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​မပြင်နိုင်မခြင်း ​ဒေါ်အောင်ဆန်းစုကြည်ကတော့ ​သမ္မတဖြစ်ခွင့် ​ရှိမှာ ​မဟုတ်ပါဘူး။

အမျိုးသမီး ​သမ္မတအပေါ် ​အမြင်ကို ​မေးရာမှာ ​ဗိုလ်ချုပ်မှူးကြီးက ​ဒီအဆင့် ​ရောက်ရှိလာတာဟာ ​မိခင်တွေရဲ့ ​ပြုစု ​စောင့်ရှောက်မှုကြောင့် ​ဖြစ်ရတဲ့အတွက် ​တိုင်းပြည်ဝန်ကို ​ထမ်းဆောင်မယ့် ​အမျိုးသမီးတွေကို ​ကြိုဆိုတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မြန်မာ ​စစ်တပ်အတွင်းက ​ရာထူးကြီးကိုလည်း ​အမျိုးသမီး ​တချို့ကို ​ခန့်အပ်ထားတယ်လို့ ​ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​သမ္မတလုပ်ပေးဖို့ ​တောင်းဆိုမှုတွေ ​ရှိလာမယ်ဆိုရင် ​စဉ်းစားသွားမယ်လို့ ​ဇူလိုင်လတုန်းက ​မေးမြန်းခန်းတစ်ခုမှာ ​ပြောခဲ့ဖူးပါတယ်။

လက်ရှိဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​ရွေးကောက်ပွဲမှာ ​ဝင်ရောက်အရွေးခံမှာ ​မဟုတ်တဲ့ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့ဟာ ​လွှတ်တော်နဲ့ ​စစ်တပ်အမတ်တွေကသာ ​ရွေးချယ်ရင် ​သမ္မတ ​ဖြစ်ခွင့်ရရှိထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသမီး သမ္မတကို ကြိုဆိုလို့ မင်းအောင်လှိုင်ဆို   အမျိုးသမီး သမ္မတကို ကြိုဆိုလို့ မင်းအောင်လှိုင်ဆို Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.