ပြင်ဦးလွင် ၂၁ မိုင်အဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်


ပြင်ဦးလွင်၊ စက်တင်ဘာ ၂၁

ပြင်ဦးလွင်မှ ဘားအံ၊ မော်လမြိုင်သို့ ထွက်ခွာလာသည့် မန်းရွှေမြို့တော် Express မော်တော်ယာဉ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ညနေ ၃ နာရီတွင် လူနှင့် ကုန်ပစ္စည်းများတင်ဆောင်ကာ ပြင်ဦးလွင်မှ စတင်ထွက်ခွာခဲ့ရာ ညနေ ၆ နာရီတွင် ၂၁ မိုင် အဆင်း မိုင်တိုင်အမှတ် ၁၉/၅ အရောက်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်ကြည်ကြည်ညွန့် (၄၂)နှစ် နေရာတွင် ပင် သေဆုံးပြီး ဒေါ်မြမြငြိမ်းမှာ ယာလက်ပြတ်သွားခဲ့သည်။ ယာဉ်တိမ်းမှောက် မှုကြောင့် ဒဏ်ရာရသူ (၁၁)ဦးရှိရာ ဒဏ်ရာရသူများအား မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး (၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ ပြင်စာရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပြင်စာလူမှု ကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - Wai Nwe Lwin Facebook

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြင်ဦးလွင် ၂၁ မိုင်အဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်   ပြင်ဦးလွင် ၂၁ မိုင်အဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ် Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.