ဆရာလေးတစ်ပါး အဓမ္မပြုကျင့် ခံရ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - အင်တာနက် 
 မန္တလေး

          ပြင်ဦးလွင် မြို့နယ်တွင် ဆရာလေး တစ်ပါးအား အဓမ္မပြုကျင့်သူ တစ်ဦး အမှုဖွင့်ခံခဲ့ရကြောင်း တိုင်းရဲတပ် ဖွဲ့မူးရုံးက သိရသည်။

          ယခုလ (၁၃) ရက် နေ့လယ်ပိုင်း အချိန်က ဒေါ်…..၃၄ နှစ် (၁၄ ၀ါ) သည် မွေးစားမိခင်ဖြစ်သူ ဒေါ်….၇၀ နှစ်နှင့် အတူ အလှူခံ ထွက်လာပြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၇) ရှိ မီးရထား ဘူတာ တည်းခိုခန်း အခန်း အမှတ် (၁၃) ၌ ညအိပ် တည်းခိုခဲ့သည်။

          ယခုလ ၂၈ ရက်နေ့ ည (၉း၀၀) အချိန်ခန့်တွင် ဒေါ်…..၃၄ နှစ် (၁၄၀ါ) သည် တည်းခိုခန်းနှင့် ပေ (၄၀) ခန့်အကွာရှိ အိမ်သာသို့ သွားရောက်စဉ် အဆိုပါ တည်းခိုခန်း အခန်းအမှတ် (၇) ၌ တည်းခို နေထိုင်သူ မောင်….(၃၅) နှစ်နှင့် အိမ်သာအနီးတွင် တွေ့ဆုံ၍ မောင်…..မှ ချစ်ကြိုက်ကြောင်း ပြောဆိုလျက် အိမ်သာ နောက်ဘက်ချုံထဲသို့ ဆွဲခေါ်သွားပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ အဓမ္မပြုကျင့်သူ မောင်…အား မြို့မ စခန်း (ပြင်ဦးလွင်) မှ(ပ) ၁၉၄/ ၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

T.Y.D.N
The Messenger Media
http://www.messengerdaily.com/
ဆရာလေးတစ်ပါး အဓမ္မပြုကျင့် ခံရ  ဆရာလေးတစ်ပါး အဓမ္မပြုကျင့် ခံရ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.