အကြမ်းဖက်မှု လုပ်ဖို့ Al Qaeda ခေါင်းဆောင်ပြော

Al Qaeda အဖွဲ့ခေါင်းဆောင် Ayman al-Zawahri (Credit: Reuters) 
Al ​Qaeda ​အဖွဲ့ခေါင်းဆောင် ​Ayman ​al-Zawahri ​က ​အမေရိကန်နဲ့ ​တခြားအနောက်တိုင်းနိုင်ငံမှာ ​ရှိနေတဲ့ ​မွတ်စလင်တွေ ​အကြမ်းဖက်လုပ်ငန်းတွေ ​လုပ်ကိုင်ကြဖို့ ​တိုက်တွန်းလိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံမှာ ​ရှိနေတဲ့ ​မွတ်စလင်တွေအနေနဲ့ ​အကြမ်းဖက်မှုလုပ်ဖို့ကို ​လက်မတွန့်ဖို့ ​တိုက်တွန်းလိုက်သလို ​အမေရိကန်နိုင်ငံ ​ဘောစတွန် ​မာရသွန် ​အပြေးပြိုင်ပွဲမှာ ​ဗုံးဖောက်ခွဲခဲ့တဲ့ ​ညီအစ်ကိုလို၊ ​ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​ပစ်ခတ်မှု ​လုပ်ခဲ့တဲ့ ​ညီအစ်ကို ​တွေကို ​အတုယူပြီး ​ကိုယ်နေထိုင်ရာ ​နိုင်ငံမှာ ​အကြမ်းဖက်မှု ​လုပ်ဖို့ ​ဗီဒီယိုကနေတဆင့် ​တိုက်တွန်းခဲ့တာ ​ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ​လွန်ခဲ့တဲ့ ​နှစ်လလောက်တုန်းက ​ရိုက်ခဲ့ဟန်ပေါက်တယ်လို့ ​သုံးသပ်နေကြပါတယ်။

IS ​အစ္စလာမ်မစ်အဖွဲ့ကို ​မထောက်ခံဘူးလို့ ​Al ​Qaeda ​အဖွဲ့ခေါင်းဆောင်က ​ပြောခဲ့ပေမယ့် ​အနောက်တိုင်းနိုင်ငံကို ​တိုက်ခိုက်တဲ့အခါနဲ့ ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံက ​မဟာမိတ်တပ်တွေကို ​တိုက်ခိုက်ရာမှာတော့ ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းလိုကြောင်း ​ပြောသွားခဲ့ပါတယ်။

Al ​Qaeda ​ခေါင်းဆောင် ​Ayman ​al-Zawahri ​ဟာ ​အီဂျစ်နိုင်ငံက ​ဆရာဝန်တစ်ဦး ​ဖြစ်ခဲ့ပြီး ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံက ​အစ္စလာမ်မစ် ​စစ်သားတွေ ​အားလုံးညီညွတ်ကြဖို့ ​တိုက်တွန်းခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှု လုပ်ဖို့ Al Qaeda ခေါင်းဆောင်ပြော  အကြမ်းဖက်မှု လုပ်ဖို့ Al Qaeda ခေါင်းဆောင်ပြော Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.