ငြိမ်းချမ်းရေးအတွက်ရန်ကုန်တွင် အကြိတ်အနယ်ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ


ဩဂတ်စ် ၇ ရက်၂၀၁၅

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ၉ ကြိမ်မြောက် ဆွေးနွေးပွဲအား ရန်ကုန်မြို့၌ ဒုတိယနေ့ အဖြစ် အကြိတ်အနယ် ဆွေးနွေးနေချိန် မိုင်းရှူးမြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်မှ ယနေ့ ဩဂတ်စ် ၇ ရက်တွင် နှစ်ကြိမ်ထက်မနည်းတိုက်ခိုက်သည်ဟုသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော်၏ ဝမ့်ဟိုင်းဌာနချုပ် လမ်းခွဲအနီးရှိ ၎င်းတို့၏ကျူလွယ်မောက်ခမ်း တပ်စခန်းအား အစိုးရတပ်မတော်မှ နံနက် ၉ နာရီတွင် တကြိမ်၊ မွန်းတည့်ချိန် တွင်တကြိမ် ပစ်ခတ် တိုက်ခိုက်သည်ဟု ရန်ကုန်ရောက် ငြိမ်းချမ်းရေး ကိုယ်စား လှယ် သျှမ်းပြည်တပ်မတော် အရာရှိက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“လမ်းခွဲရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၁၀၅ မမ အမျိုးအစားလေ။ အင် အား ၆၀ ကျော်က ကျနော်တို့ တပ်စခန်းကို တက်တိုက်ရင်း တိုက်ပွဲဖြစ် သွား တာ။ အဲဒါနဲ့ သူတို့ တပ်စခန်းကနေ လက်နက်ကြီးနဲ့ထုတော့တာ။ ရွာကို တမင်သက်သက် မပစ်ရင် အဲဒီ့ဘက်မကျနိုင်လောက်ဘူး”- ဟု မိုင်းရှူးေ ရာက် ရှေ့တန်းတပ်မှူး တဦးက ပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက်အသေအကျမသိရသေးကြောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်မှလည်း အင်အားဖြည့်ရန် ထပ် လာနေကြောင်း မိုင်းရှူးခရီးသွားတဦးဖြစ်သည့် စိုင်းမောက် ကပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲသည် သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိအားတစုံတရာပေးဖို့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါကိစ္စအား ငြိမ်းချမ်းရေးဆွေးပွဲအတွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ဌာနချုပ်အရာရှိတဦးကပြောသည်။

ဓါတ်ပုံ- ကျေးသီး-၀မ့်ဟိုင်းအသွားလမ်းတလျှောက်ကတောင်များ။ အဆိုပါတောင်ထိပ်တို့တွင် တတောင်စီခြားကာ အစိုးရတပ်နှင့် SSPP/SSA တို့ တပ်စခန်းများ အသီးသီးချထားပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ငြိမ်းချမ်းရေးအတွက်ရန်ကုန်တွင် အကြိတ်အနယ်ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ  ငြိမ်းချမ်းရေးအတွက်ရန်ကုန်တွင် အကြိတ်အနယ်ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ Reviewed by သစ်ထူးလွင် on 11:54 Rating: 5
Powered by Blogger.