NLD ​ကိုယ်​စား​လှယ်​လောင်း​တွေ​ရဲ့ ​ကိုယ်​ရေး SB ​တောင်း
ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ကိုယ်​ရေး​ရာ​ဇ​ဝင်​ကို​ပါ ​ရဲ ​က​တောင်း
ဒီ​လို ​တောင်း​ယူ​နိုင်​တဲ့ ​ဥ​ပ​ဒေ ​ပြ​ဌာန်း​ချက်​လည်း ​မ​ရှိ​တဲ့​အ​ပြင် ​တောင်း​ခံ​တဲ့ ​ပုံ​စံ​မှာ ​လက်​မှတ်​ထိုး ​ခိုင်း​တာ ​ကို​လည်း ​လက်​မ​ခံ​နိုင်​ဘူး​လို့ ​သူ​က ​ပြော​ပါ​တယ်။
အဲ​ဒီ​ပုံ​စံ​ထဲ​မှာ ​ကိုယ်​စား​လှယ်​လောင်း​ကို ​သူ ​ငယ်​စဉ်​က​စ​လို့ ​အ​ခု​အ​သက်​အ​ရွယ်​အ​ထိ ​ကိုယ်​ရေး ​ရာ​ဇ​ဝင် ​အ​သေး​စိတ်​ကို ​ဖြည့်​ခိုင်း ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်​က​တော့ ​ဥ​ပ​ဒေ​အ​ရ ​သတ်​မှတ်​ထား​ခြင်း​မ​ရှိ​တဲ့ ​ဒီ​လို ​အ​ပြု​အ​မူ​မျိုး​ကို ​လက်​ခံ​နိုင်​ခြင်း​မ​ရှိ​လို့ ​ငြင်း​ဆို​လိုက်​တယ်​လို့ ​ဦး​ဥာဏ်​ဝင်း​က ​ပြော​ပါ​တယ်။
အ​ရင်​ရွေး​ကောက်​ပွဲ ​ဝင်​ခဲ့​စဉ်​က ​အ​ခု​လို​မျိုး ​ကိုယ်​ရေး​အ​ချက်​တွေ​ကို ​ရဲ​ထောက်​လှမ်း​ရေး​က ​လာ​တောင်း​တာ​မျိုး ​မ​ရှိ​ခဲ့​ဘူး​လို့ ​သူ​က ​ပြော​ပါ​တယ်။
အဲန်​အယ်လ်​ဒီ​ကို​သာ ​မ​က ​တ​ခြား​ပါ​တီ​က ​ကိုယ်​စား​လှယ်​လောင်း​တွေ​ကို​လည်း ​အ​ခု​လို ​တောင်း​ခံ​မှု​မျိုး ​ရှိ​နေ​ကြောင်း​ကြား​ရ​တယ်​လို့ ​ဆို​ပါ​တယ်။
ကိုယ်​စား​လှယ်​တ​ချို့​က ​လိုက်​လျော​ပြီး ​လက်​မှတ်​ထိုး​ပေး ​ခဲ့​ကြ​ပါ​တယ်။ ​မ​ထိုး​ပေး​တဲ့ ​သူ​တွေ​ကို​တော့ ​အ​တင်း​အ​ကြပ် ​ဖိ​အား​ပေး ​တာ​မျိုး ​မ​ရှိ​ဘူး​လို့ ​ဦး​ဥာဏ်​ဝင်း​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
NLD ​ကိုယ်​စား​လှယ်​လောင်း​တွေ​ရဲ့ ​ကိုယ်​ရေး SB ​တောင်း NLD ​ကိုယ်​စား​လှယ်​လောင်း​တွေ​ရဲ့ ​ကိုယ်​ရေး SB ​တောင်း Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.