ဂျာမနီနိုင်ငံကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ ခြိမ်းခြောက်



ဒမတ်စကပ် ၊ ၆-၈-၂ဝ၁၅

 ISIS စစ်သွေးကြွ များသည် ဂျာမနီနိုင်ငံကို တိုက်ခိုက်မှုများ လုပ်ဆောင် သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်မှုကို ယမန်နေ့ သြဂုတ် ၅ ရက်က အွန်လိုင်းတွင် လွှင့်တင်ခဲ့သော ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်းရာမြို့ အနီး၌ ဓားစာခံ နှစ်ဦးကို ကွပ်မျက်သည့် ငါးမိနစ်ကြာ ဗီဒီယိုဖိုင် တစ်ခုတွင် ဂျာမန် ဘာသာစကား ပြောဆိုသူ ISIS အဖွဲ့ဝင် နှစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနှင့် သြစတြီးယား နိုင်ငံတို့ရှိ နိုင်ငံသားများ အနေဖြင့် ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်သွယ်ရန် သို့မဟုတ် ပါက တိုက်ခိုက်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာဖဂန်နစ္စတန် နိုင်ငံရှိ ISIS စစ်သွေးကြွ အဖွဲ့ဝင်များကို တိုက်ခိုက်မှုများ လုပ်ဆောင် နေသည့် နေတိုး အဖွဲ့တွင် ဂျာမနီနိုင်ငံ ပါဝင် နေသည့်အတွက် လက်စားချေ မှုများကို ပိုမိုပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါ စစ်သွေးကြွ နှစ်ဦးက ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဂျာမနီနိုင်ငံကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ ခြိမ်းခြောက်   ဂျာမနီနိုင်ငံကို တိုက်ခိုက်မည်ဟု ISIS အဖွဲ့ ခြိမ်းခြောက် Reviewed by သစ်ထူးလွင် on 21:20 Rating: 5
Powered by Blogger.