IS အသေခံဗုံးခွဲ

အကြမ်းဖက် တိုက်ခိုက်မှု (Credit: Reuters) 
 ဆီးရီးယားဖက်က ​လာတဲ့ ​သတင်းတပုဒ်မှာတော့ ​အစ္စလာမ်မစ် ​IS ​စစ်သွေးကြွတဦးရဲ့ ​တိုက်ခိုက်မှုကြောင့် ​လူပေါင်း ​အနည်းဆုံး ​၃၇ ​ဦး ​သေဆုံးခဲ့တယ်လို့ ​ဆိုပါတယ်။

ဆီးရီးယား ​လူ့အခွင့်အရေး ​စောင့်ကြည့်လေ့လာရေး ​အဖွဲ့ရဲ့ ​အဆိုအရ ​အဆိုပါ ​IS ​စစ်သွေးကြွဟာ ​ဆီးရီးယား ​မြောက်ပိုင်းဒေသက ​ရွာတရွာမှာရှိတဲ့ ​အစောင့်တပ်ကို ​မိမိကိုယ်မိမိ ​အသေခံ ​ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ​ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ​အဲဒီရွာဟာလည်း ​IS ​တွေရဲ့ ​လက်ထဲ ​ရောက်သွားပြီလို့ ​သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ ​ဆက်စပ်သတင်းတပုဒ်မှာတော့

ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံတွေအတွင်းမှာရှိတဲ့ ​IS ​အစ္စလာမစ် ​စစ်သွေးကြွတွေအပေါ် ​ညွန့်ပေါင်းတပ်ဖွဲ့တွေက ​လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာနဲ့အတူ ​တူရကီလေကြောင်းပိုင်နက်အတွင်း ​အမေရိကန် ​F16 ​တိုက်လေယာဉ်တွေ ​ချထားလိုက်တယ်လို့ ​အမေရိကန် ​စစ်ဖက်ဆိုင်ရာ ​တာဝန်ရှိသူတွေက ​ပြောပါတယ်။

အီတလီနိုင်ငံ ​Aviano ​လေတပ်အခြေစိုက်စခန်းကနေ ​အမေရိကန် ​F16 ​တိုက်လေယာဉ် ​၆ ​စီးနဲ့ ​အမှုထမ်း ​၃၀၀ ​ကို ​တူရကီအခြေစိုက်စခန်းကို ​ဖြန့်ချခဲ့တာ ​ဖြစ်တယ်လို့ ​Incirlik ​စခန်းရဲ့ ​ကြောညာချက်မှာ ​ဖော်ပြထားပါတယ်။

IS ​တွေအပေါ် ​လေကြောင်းကတိုက်ခိုက်မှုတွေကို ​ညလုံးပေါက် ​ဆက်လက်ပြုလုပ်ခဲ့ပြီး ​အမေရိကန် ​လေတပ်က ​အီရတ်နိုင်ငံအတွင်း ​တိုက်ခိုက်မှု ​၁၆ ကြိမ်နဲ့ ​ဆီးရီးယားနိုင်ငံအတွင်းမှာ ​တိုက်ခိုက်မှု ​၇ ​ကြိမ်ပြုလုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

IS အသေခံဗုံးခွဲ   IS အသေခံဗုံးခွဲ Reviewed by သစ်ထူးလွင် on 11:02 Rating: 5
Powered by Blogger.