အာဖဂန်မှာ ရဲတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲ


 အာဖဂန်နိုင်ငံ အရှေ့ပိုင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် ရဲအရာရှိ ၃ ဦး အပါအ၀င် အနည်းဆုံး လူ ၆ ဦးသေဆုံးသွားပါတယ်။

Logar ပြည်နယ်ရဲ့ မြို့တော် Puli Alam ရှိ ရဲဌာနတည်ရှိရာ ခြံဝင်းအပြင်ဘက်မှာ ဗုံးတွေ အပြည့်တင်လာတဲ့ ကုန်တင်ကားတစီး ပြင်းထန်စွာပေါက်ကွဲခဲ့တာလို့ ရဲအရာရှိတွေက ပြောပါတယ်။

တာလီဘန်တွေက သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး စစ်တပ်နဲ့ ရဲ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

အခု ဖောက်ခွဲမှုဟာ ပြီးခဲ့သီတင်းပတ် သူတို့ရဲ့ ခေါင်းဆောင် မူလာ အိုမာ သေဆုံးကြောင်း အတည်ပြုပြောဆိုခဲ့ပြီးနောက် တာလီဘန်တွေရဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဗုံးတွေက အမြောက်အမြားဖြစ်ပြီး ကုန်တင်ကားအငယ်စားနဲ့ တင်လာတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Aleem Fedaee က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အာဖဂန်မှာ ရဲတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲ   အာဖဂန်မှာ ရဲတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲ Reviewed by သစ်ထူးလွင် on 16:48 Rating: 5
Powered by Blogger.