မလေးဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့ တောင်းဆို


 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အကျင့်ပျက်ချစားမှုနဲ့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အစိုးရပိုင်တဲ့ 1MDB အဖွဲ့ဘဏ္ဍာငွေထဲက စာရင်းခေါင်းစဉ်မရှိဘဲ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ၇၀၀ နီးပါးကို ဝန်ကြီးချုပ်ရဲ့ ဘဏ်စာရင်းထဲ လွှဲပြောင်းယူတဲ့အမှုနဲ့ အကျင့်ပျက်ချစားမှုနဲ့ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နာဂျစ်ရဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကလည်း အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ကို ဝန်ကြီးချုပ်ငွေစာရင်းထဲ ဘယ်လိုရောက်နေသလဲဆိုပြီး ဝန်ခံပြောဆိုတယ်လို့ အမေရိကန်နိုင်ငံက The Wall Street Journal သတင်းစာက ဖေါ်ထုတ်ရေးသားလိုက်တာဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သာမန်ပြည်သူတွေက အဝါရောင်အင်္ကျီတွေ ဆင်တူဝတ်ဆင်ပြီး သန့်ရှင်းခြင်း ဆိုတဲ့ လှုပ်ရှားမှုကို စတင်လိုက်ပြီး ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။

မလေးရှားစစ်တပ်က ဆန္ဒပြမှုတွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိခိုက် တယ်ဆိုပြီး အရေးပေါ်အခြေအနေကြေညာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပေမယ့် အတည်ပြုပြောဆိုတာ မရှိသေးဘူးလို့ သိရပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/pages/RFA-Burmese
မလေးဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့ တောင်းဆို  မလေးဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.